မြန်မာနိုင်ငံသည် ဘလောက်ဂါများအတွက်ဘေးအန္တရာယ်အများဆုံးနေရာဖြစ်ဟု စီပီဂျေ အစီရင်ခံစာတွင်ဖေါ်ပြ

၎ မေ ၀ါရှင်တန်၊                ၊CNN

ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ)ကမြန်မာ နိုင်ငံသည်

မြန်မာနိုင်ငံရှိအင်တာနက်ကဖေးတစ်ခု ဓာတ်ပုံ-စီအန်အန်
မြန်မာနိုင်ငံရှိအင်တာနက်ကဖေးတစ်ခု ဓာတ်ပုံ-စီအန်အန်

အင်တာနက်ဘလောက်ဂါ များအတွက် အဆိုးရွားဆုံးဆယ်နိုင်ငံတွင်ထိပ်ဆုံးက ပါသည်ဟု ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ တွင် ကြေညာချက်ထုတ်ပြန်သည်။

ထိုကြေညာချက်တွင် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံဉ် ဘလောက်ဂါများမှာ အညှိုးကြီး
စွာဖြင့်နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံ ရပြီး ဆိုင်ကလုန်းနာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဒေသတစ်ခု၏
ဗီဒီယို မှတ်တမ်းကို ဘလောက် တွင် ဖေါ်ပြမိမှု ကြောင့် မောင်သူရဆိုသူ သည် ထောင်ဒဏ် ၅၉ နှစ်ထိကျခံရပြီး ဘလောက်ဂါ နေဖုန်းလတ် ဆိုသူမှာလည်း ထောင်သွင်းအကျဉ်းချခံထားရကြောင်းဖေါ်ပြထားသည်။

မြန်မာ စစ်အစိုးရ သည် ဆက်သွယ်ရေး ဥပဒေတို ဖြင့်ပြည်သူတို့၏ သတင်းဆက်သွယ်မှု လွတ်လပ်ခွင့်ကို တင်းကျပ်စွာတားမြစ်ထားသည် ဟု စီပီဂျေ ကဖေါ်ပြထားသည်။

Committee to Protect Journalists သည် အမေရိကန် အခြေစိုက် နိုင်ငံခြားသတင်းထောက်

များနှင့်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ဘလောက်ဂါ များအား ဖိနှိပ်မှု အများဆုံးဆယ် နိုင်ငံမှာ မြန်မာ၊အီရန်၊ဆီရီးယား၊ကျူးဘား၊ဆော်ဒီအာရေးဗီးယား၊ဗီယက်နမ်၊တူနီရှား၊တရုတ်၊တာခ်မေနစ်တန်၊
အီဂျစ် တို့ ဖြစ်သည်။

စီပီဂျေ မှ အမှုဆောင်ဒါရိုက်တာ ဂျိုလ်ဆိုင်မွန်က “ဘလောက်ဂါများသည် သတင်းတော်လှန်ရေး ၏ရှေ့ပြေးတပ် များဖြစ်ပြီး ဘလောက်များ အလျှင်အမြန်အင်အားကြီးထွားလျှက်ရှိသည် ကို ဖိနှိပ်ချုပ်ချယ်သော အစိုးရများက တုန်လှုပ်ကျသည် ”ဟုထည့်သွင်းပြောကြားသွားသည်။