ရ မေ ပါရီ၊ ၊Le Monde
Paris welcomed Brazilian nude models

ဝတ်လစ်စလစ် အမျိုးသမီးပုံများကို ရေးဆွဲထားသည့် Abstract ပန်းချီကားများကို ပန်းချီ ကုန်သည်များ နှင့် နိုင်ငံတကာ ဟိုတယ်ကြီးများက ဈေးကောင်းပေး၍ ၀ယ်ယူလာကြသည့် အတွက်

Nude ပန်းချီများ ရေးဆွဲသည့် ပန်းချီဆရာ အချို့ မှာ မော်ဒယ်သရုပ်ဆောင်ပေးမည့် အမျိုးသမီး မော်ဒယ်များကို ဈေးကြီးပေး၍ ငှားလာကြသည် ဟု ယနေ့ ထုတ်ပြင်သစ်သတင်းစာ လမွန်ဒီတွင်ရေးသားထားသည်။
ဥရောပ ပန်းချီဆရာများအကြိုက်ဆုံးမော်ဒယ်များမှာ ဘရာဇီးမော်ဒယ်များဖြစ်ပြီးတစ်နာရီ ထိုင်ပေးခအတွက် နာမည်ရမော်ဒယ်များမှာ ယူရို ၅၀၀ (ဒေါ်လာ ၆၆၉) ဒေါ်လာခန့် ပေးရသည်။
ဥရောပ ပန်းချီဆရာများအတွက် နိုင်ငံတကာမှ မော်ဒယ်များရှာဖွေပေးသော ဧဂျင်စီ များမှာ ပါရီ နှင့်
ဘာလင် တွင်ရှိပြီး ထိုဧဂျင်စီများက တစ်ဆင့်ရှာဖွေပေးကြသည်။ဝတ်လစ်စလစ် Abstract ပန်းချီ
ကားများအတွက် ဘရာဇီးမော်ဒယ်များက ကိုယ်ဟန်ပြပေးမှုကောင်းသည် ဆိုသောကြောင့် ဘရာဇီး
မော်ဒယ်များမှာ ယခုနှစ်ဆန်းမှ စ၍ ဥရောပ ပန်းချီဆရာများ စိတ်ကြိုက်ဖြစ်လာသည်။
ဘရာဇီးဘောလုံးသမားရော်နယ်ဒို(ကတုံး) ၏ချစ်သူဟောင်းဖြစ်သည့် ဘရာဇီးလ် မော်ဒယ် ဂီဆီလီ
ဘွန်းချမ်း မှာ ဥရောပ ပန်းချီကျော် တစ်ဦးအတွက် သရုပ်ပြပေးခ တစ်နာရီစာ ဒေါ်လာ ၂၅၀၀ ထိပင်
ယူခဲ့ဖူးသည်။
ဥရောပ ပန်းချီဈေးကွက်တွင် ကိုယ်လုံးတီးအမျိုးသမီး ပန်းချီကားများမှာ လက်ရာနှင့် ပန်းချီဆရာ၏
ကျော်ကြားမှု ပေါ်မူတည်၍ ဈေးကောင်းရသည်။

ကောင်းပါတယ် အရမ်းကောင်းပါတယ် အားလည်းပေးပါတယ် နောက်လည်း ကာတွန်းလေးတွေ တင်ပေးပါအုံး။
အစီအစဉ်လေးတွေကောင်းတယ်။ အားပေးပါတယ်။
La Monde ဆိုတာ ပြင်သစ်မှာ သြဇာကြီးတဲ့သတင်းစာပါ။ The World ပါ။ လာမွန့် လို့အသံထွက်ပါတယ်။