ရ မေ ရန်ကုန်၊ ၊စနေငချွတ်
Rangoon biggest market plan for relocate

ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန လက်အောက်ရှိ ဘုရင့်နောင်ဈေးအား
ယခုလက်ရှိနေရာမှ ပြန်လည်ပြောင်းရွှေ့နေရာချထားမည် ဆိုသည့် သတင်းကြောင့် ဈေးအတွင်းရှိ
ဆိုင်ခန်းများပွဲ ရုံများပြန်လည်ရောင်းချမှု များဖြစ်ပေါ်နေသည် ဟု သတင်းရရှိသည်။
ဘုရင့်နောင်ဈေးအတွင်းရှိ ငါးပိနှင့် ငါးခြောက်တန်းကို အရင်ပြောင်းရွှေ့မည် ဟုသတင်းထွက်ပေါ်နေ
သောကြောင့် ဈေးအတွင်းရှိဆိုင်ခန်းများပေါက်ဈေး မှထက်ဝက်ကျသွားသည်။ဘုရင့်နောင်ဈေး
ပြောင်းရွှေ့မည့် သတင်းထွက် ပေါ်ခြင်းနှင့် ပတ်သက်၍ ဘုရင့်နောင်ဈေးအတွင်းရှိ ငါးပိငါးခြောက်
ရောင်းသူတစ်ဦးက “ဈေးရွှေ့မယ်ဆိုတဲ့သတင်းက တနင်္လာနေ့ ကစကြားတာလေ ဈေးခေါင်းက မဟုတ်ပါဘူး လို့ပြောတယ် ဈေးများဌာနကတော့ ဘာမှမပြောသေးဘူး ခက်တာက ကျွန်တော် တို့ က ကုန်စည်ပို့ ဆောင်ဖို့ လွယ်တဲ့နေရာပဲဖြစ်ချင်တယ်”ဟုFreedom News Group သို့ ပြောသည်။
ဘုရင့်နောင်ဈေးအတွင်းသို့ ဝင်မည့် ဆယ်ဘီးကားများကိုလည်း ဈေးအတွင်းသို့ မ၀င်ရတော့ပဲ သတ်မှတ်ထားသော နေရာတွင် ရပ်နားကာ ကုန်များကို ကယ်ရီစနစ်ဖြင့်သယ်ပို့ ရတော့မည် ဟုသတင်း လည်းထွက်ပေါ်နေသည်။
ဘုရင့်နောင် ဈေးသည် မရမ်းကုန်းမြို့နယ်တွင်တည်ရှိပြီး တနင်္လာနေ့ နှင့် အချို့ နေ့ များတွင် ယာဉ်
ကြောပိတ်ဆို့ မှုများကြောင့်ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲများမှယာဉ်သွားလမ်းများ
အားရှင်းလင်းပေးရသည်။
ဘုရင့်နောင်ဈေးကို ၁၉၉၃ ခုနှစ်ကဖွင့်လှစ်ခဲ့သည်။
