ဒေါ်အောင်စုကြည် နေအိမ်တွင်းသို့ ရဲများထပ်မံဝင်ရောက်

ရ မေ ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး

Police enter Nobel Peace prize laureate house

ဒေါ်အောင်ဆုကြည်၏ နေအိမ်အားအင်းလျှားကန်ဘက်ခြမ်းမှ တွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ဒေါ်အောင်ဆုကြည်၏ နေအိမ်အားအင်းလျှားကန်ဘက်ခြမ်းမှ တွေ့ ရစဉ် ဓာတ်ပုံ-အေပီ

အထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ၏ တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် ၅၄ နေ
အိမ်သို့ ယူနီဖောင်းနှင့် အရပ်ဝတ်ရဲများ ဒုတိယအကြိမ်မြောက်ဖြင့် ယနေ့ ညနေ ၅ နာရီအချိန်ခန့်က
ထပ်မံ ၀င်ရောက်ခဲ့သည် ဟု မျက်မြင် တွေ့ ရှိသူများက ပြောသည်။

ယနေ့ မနက်အစောပိုင်း လင်းအားကြီးအချိန်ခန့် ကလည်း စစ်ထောက်လှမ်းရေး ဟု ယူဆရသော ပု
ဂ္ဂိုလ်များနှင့် ရဲများနေအိမ် တွင်းသို့ ဝင်ရောက်ခဲ့ကြသေးသည်။

ယနေ့ ထုတ်သတင်းစာများတွင် အသက် ၅၃ နှစ် အရွယ်ရှိ အမေရိကန် နိုင်ငံသား Mr John William Yeattaw အင်လျှားကန်မှ တစ်ဆင့် ရေကူး၍ ၀င်ရောက်ခဲ့သည် ကို တွေ့ ရှိ၍ လုံထိန်းတပ် များက ထိန်းသိမ်းထားသည် ဟု ဖေါ်ပြထားသည်။

ယခုတစ်ပတ် အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည် အားလွတ်မြောက်ရေးအတွက် အယူခံကို စစ်အစိုးရက ပယ်ချခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်တွင် အကျယ်ချုပ်ဖြင့်ထိန်းသိမ်းထားမှု မှာ မြန်မာ အစိုးရ ဥပဒေ များဖြင့်ပင် တရားဝင်မှုမရှိချေ။