ရ မေ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
US man swam Burmese lake to see Aung San Suu Kyi
Updated 4:00 pm ဖမ်းဆီးခံထားရသူအသက် ၅၃ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသား Mr John William Yeattaw အရေးနှင့် ပတ်သက်၍ ရန်ကုန် အမေရိကန် သံရုံးက အသေးစိတ်
သိရှိနိုင်ရန် စုံစမ်း နေ၊အမေရိကန်သံရုံးပြောခွင့်ရပုဂ္ဂိုလ် ရစ်ချတ်မေ က မြန်မာ အစိုးရမှ အမေရိကန် နိုင်ငံသားအား ဖမ်းဆီးထားမှု ကိစ္စအတွက် တရားဝင် အကြောင်းကြားမှု မပြု ဟုဆို
နေအိမ်အကျယ်ချုပ်ခံထားခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်းသို့ အမေရိကန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ Mr.John William Yeattaw သည် မေလ ၃ရက်နေ့ ညနေ
ပိုင်းကတည်း ကရေကူးဝင်ရောက်ပြီး နှစ်ရက်ကြာနေ ထိုင်ခဲ့သည် ဟု ယနေ့ ထုတ်စစ်အစိုးရ အာဘော် မြန်မာ့ အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။
ထိုအမေရိကန် နိုင်ငံသားအား စစ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်းထားပြီး မည်သည့် နေရာမှ ရေကူး၍၀င်ရောက်လာသည် ကို ဖေါ်ပြမထားချေ။Mr John William သည် မေလ ၂ရက်နေ့ ကရန်ကုန်သို့ ရောက်ရှိပြီး နောက်တစ်ရက်တွင်ရေကူးဝင်ရောက်ခြင်းဖြစ်သည်။
သူ့ အားဖမ်းဆီးရမိစဉ်က ကင်မရာတစ်လုံး၊အမေရိကန်ဒေါ်လာ တစ်ရာတန် နှစ်ရွက် မြန်မာငွေ တစ်ထောက်ကျပ်တန် ၉၃ ရွက်ပါ အတူသိမ်းဆည်းရမိသည် ဟုဖေါ်ပြထားသည်။မြန်မာ့ အလင်းသတင်းစာ က မေလ ၅ ရက် ညနေ တွင်ထိုနိုင်ငံခြားသားကို ဖမ်းဆီးရမိသည် ဟု ဖေါ်ပြထားပြီး ကြေးမုံသတင်းစာက မူ မေလ ၆ရက် မနက်ပိုင်းတွင် ဖမ်းဆီးရမိသည် ဟု ကွဲလွဲစွာ
ဖေါ်ပြထားသည်။
Mr John William အားဆက်လက်စစ်ဆေးဆဲဖြစ်သည်။
