ရ မေ ရန်ကုန်၊ ၊ယူကွန်
No more drama in Myathi Lar

တက္ကသိုလ် ကျောင်းသားဘ၀နောက်ခံ ဇာတ်လမ်းများ အားမြန်မာ တယ်လီပို့ နှင့် ရန်ကုန်တက္ကသိုလ် နယ်မြေထဲတွင် ရိုက်ကူးခွင့်မပြုတော့ ဟု မြန်မာရုပ်ရှင် အစည်းအရုံးက ရုပ်ရှင်၊ဗီဒီယို ဒါရိုက်တာများသို့ အကြောင်းကြားကြောင်း ယနေ့ သတင်းရရှိသည်။
တက္ကသိုလ် ကျောင်းသားဘ၀ နောက်ခံ ဇာတ်လမ်းများ ကို ရန်ကုန် တက္ကသိုလ် နှင့် ယခင် Bagan Cyber Tech ကိုနာမည်ပြောင်းထားသော မြန်မာ တယ်လီပို့ တို့ တွင်ရိုက်ကူးခွင့် မရှိတော့ကြောင်း
ရုပ်ရှင်ထုတ်လုပ် သူတစ်ဦးက Freedom News Groupသို ပြောသည်။လူငယ်ဒါရိုက်တာ တစ်ဦးကလည်း “မိန်း (ရန်ကုန်တက္ကသိုလ်) ထဲမှာဆို ဘာကျောင်းသား ဘ၀ နောက်ခံမှ မရဘူး မြန်မာ အင်ဖိုတက်မှာ ကတော့ ကွန်ပျူတာ ကျောင်းသား ဘ၀ ဆိုရင် ရမယ် တခြားကျောင်းသားဘ၀ ဆိုမရဘူးလို့ ပြောတယ် ”ဟုပြောသည်။
ရန်ကုန် တက္ကသိုလ်ထဲတွင် ယခင်က ရုပ်ရှင်ရိုက်ကူးရန် အတွက် ကျပ်နှစ်သိန်းပေးဆောင်ရသည်။
ရန်ကုန် တက္ကသိုလ်မှ အပ ဒဂုံတက္ကသိုလ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နှင့် အနောက်ပိုင်းတက္ကသိုလ် များတွင် ရုပ်ရှင် ရိုက်ကူးခွင့်ရှိသည် ။
ဗီဒီယို ဆင်ဆာ ဘုတ်အဖွဲ့မှ ယခင်တစ်ပတ်ကလည်း ခန့် စည်သူ နှင့် အိန္ဒြာကျော်ဇင်တို့ သရုပ်ဆောင်ထားသော ဗီဒီယို တစ်ခုဉ် မီးပျက်သွားသောကြောင့် မင်းသမီး ကစိတ်တိုသွားသော ဇာတ်ဝင်ခန်းကို ဖြုတ်ပစ်ခဲ့သည်။
မြန်မာ့ရုပ်ရှင်များတွင် ဆင်းရဲသား ဇာတ်လမ်းများထည့်သွင်း မရိုက်ရ ဟု မတ်လ ကအမိန့် ထုတ်ပြန်ခဲ့သေးသည်။အစိုးရ၏ ဆင်ဆာဖြတ်တောက်မှု ပြင်းထန်လွန်းခြင်းကြောင့် မြန်မာ့ရုပ်ရုင်နှင့်
ဗီဒီယို ဈေးကွက်မှာ ပျက်လုမတတ်ဖြစ်နေသည်။
