စာပေစီစစ်ရေး က ဒေါ်အောင်ဆန်းစုကြည် အိမ်သတင်းကို ဂျာနယ်များတွင်ပြန်လည်ဖေါ်ပြခိုင်း

၈ မေ ရန်ကုန်၊             ၊ယူကွန်

Private media reprint junta mouth-piece news on Aung San Suu Kyi ‘s house

ယနေ့ ထုတ် The Voice ဂျာနယ်တွင် ရေကူးသမားသတင်းတွေ့ ရစဉ်
ယနေ့ ထုတ် The Voice ဂျာနယ်တွင် ရေကူးသမားသတင်းတွေ့ ရစဉ်

မေလ ရ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်းသို့ ဝင်ရောက်ခဲ့သည် ဆိုသော အစိုးရ
အာဘော် သတင်းစာများတွင် ဖေါ်ပြခဲ့သည့် သတင်းကို ဗဟန်း ၀င်္ကဘာ လမ်းရှိ စာပေစီစစ်ရေးက
ယခု တစ်ပတ်ထုတ် ဂျာနယ်များတွင် ထပ်မံဖေါ်ပြခိုင်းသည် ဟု ရန်ကုန် စာနယ်ဇင်းသမားတစ်ဦး
က Freedom News Group သို့ ပြောသည်။

ရေကူးသမား ဂျွန်ဝီလီယံ သတင်းနှင့်ပတ်သက်၍ “စီစစ်ရေးက အတင်းအကျပ်တော့ မဟုတ်ဘူး ဒီအပတ် ဒီသတင်း ထည့်ဖို့ ပေါ်လစီ(မထည့်မနေရ အာဘော်ဆောင်းပါး) နဲ့ အတူတွဲ ကျလာတယ် လို့ ပြောတယ် ”ဟု စီစစ်ရေး ၀န်ထမ်းတစ်ဦး၏ အပြောကို စာနယ်ဇင်းသမားတစ်ဦးက ပြောသည်။

စာပေစီစစ်ရေးမှ ထည့်သွင်းဖေါ်ပြခိုင်းသော အကြောင်းအရာများကို ထည့်သွင်းဖေါ်ပြခြင်းမရှိပါက
ဂျာနယ်ကို အနည်းဆုံး တစ်လထိ ထုတ်ဝေခွင့် ရပ်ဆိုင်း နိုင်ပြီး
ထုချေလွှာ တင်ရသည်။

ရန်ကုန် မြို့ မှ အမျိုးသမီးသတင်းထောက် တစ်ဦးကမူ “ကျွန်မတို့ က အန်တီစု သတင်းမို့ ထည့်ချင်
ပေမယ့် သူတို့ က ပရိုပါဂန်ဒါ ဆန်ဆန် Negative Point of View လုပ်ထားတော့ မထည့်ချင်ဘူး”
ဟုပြောသည်။

ဂျာနယ်များတွင် ပြန်လည်ဖေါ်ပြ ရာတွင် ထင်မြင်ချက် ၊သုံးသပ်ချက်များ ထပ်မံမထည့်သွင်းရပဲ သတင်းစာတွင် ပါသည့် အတိုင်းသာ ဖေါ်ပြရမည် ဟု ညွှန်ကြားထားသည်။