FDA ကငရုပ်သီးမှုန့် ၊အရောင်တင်မှုန့်  နှင့် ပဲမှုန့် များကို စစ်ဆေးနေ

၈ မေ ရန်ကုန်၊               ၊ဟိန်းခိုင်ထွန်း

Chili powder in Laboratories of FDA

ဈေးကွက်အတွင်းမှ ပဲမှုန့်များ
ဈေးကွက်အတွင်းမှ ပဲမှုန့်များ

ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန – FDA
က ပဲမှုန့် ၊အရောင်တင် မှုန့် နှင့် ငရုတ်သီးမှုန့် များကို ယခုလဆန်းပိုင်းကတည်းက ဓာတ်ခွဲစမ်းသပ်
မှုပြုနေ ကာမကြာခင်အချိန်အတွင်း စားသုံးရန် မသင့်သည့် အမှုန့်အမျိုးမျိုးအားကြေညာမည် ဟု
ကျန်းမာရေးဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

တနင်္ဂနွေ နေ့ က ငပိ အမျိုးပေါင်း ၁၀၁ မျိုးထဲမှ ၇၉ မျိုးကို စားသုံးရန်မသင့်ကြောင်းကြေညာခဲ့ပြီး
ယခင်လ က လက်ဖက်များကို ကြေညာခဲ့သည်။

FDA မှတာဝန်ရှိသူတစ်ဦးက “မိမိတို့ အနေဖြင့် မြန်မာပြည်သူပြည်သားများ ၏စားသောက် ကုန်များတွင် ဘေးဥပါဒ် မဖြစ်အောင် စီမံစစ်ဆေးပေးသည်မှ လွဲ၍ မည်သည့် တံစိုးလက်
ဆောင်ကိုမှ စားသုံးရန်ခွင့်မပြုသည့် ကုန်အမှတ်တံဆိပ် များမှ မယူကြောင်းပြောသည်။