၉ မေ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
Military truck crash commuter jeep
မေလ ၈ ရက်နေ့ က ဒလမှ တွံတေးသို့ သွားသည့် မော်တော်ကားလမ်းပေါ်ရှိ ဗောင်းတော်ကျူတ် ဘုရားအနီး အရှိန်မထိန်း နိုင်သော စစ်ကားက ခရီးသည်များတင်ဆောင်လာသည့် ဂျစ်ကားကို ၀င် ရောက်တိုက်ရာ ကားပေါ်ပါခရီးသည် များထိခိုက် ဒဏ်ရာရပြီးခရီးသည် တစ်ဦးမှာ ဒလ ဆေးရုံမှ တစ်ဆင့် ရန်ကုန် ဆေးရုံကြီး အရေးပေါ်လူနာတင်ဌာန အဆောင် ၅/၆ သို့ ပို့ ဆောင်ထားရသည်။
ဒလ မယက ဥက္ကဌ က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ရောက်ရှိနေချိန်ဖြစ်သော
ကြောင့် စစ်ကားက ခရီးသည် တင်ကားကို ၀င်တိုက် သည့် ကိစ္စ နှင့် ပတ်သက်၍ မြို့ နယ်ရဲတပ်
ဖွဲ့ ကိုပင်အသိမပေးဟု ဒလ မော်တော်ကား ဂိတ်မှ ယာဉ်မောင်းတစ်ဦးက Freedom News Group သို့ ပြောသည်။
ဒလမှ တွံတေးသို့ မောင်းနှင့် လာသည့် တရုတ်နိုင်ငံလုပ် Lanjian အမျိုးအစားစစ်ကား မှာ ဗောင်းတော်ဂျူတ်စေတီ အနီးကားလမ်းမပေါ်တွင် ဟိုင်းလပ်မော်တော်ကားတစ်စီးကို ကျော်တက်ရာ မှာ ဆန့် ကျင်ဘက်အရပ်မှ မောင်းနှင်လာသည့် ခရီး သည်တင်ဂျစ်ကားနှင့် ခေါင်းချင်းဆိုင် တိုက်မိခြင်းဖြစ်သည်။
ထိုဖြစ်ရပ်မှာ ညနေ လေးနာရီခန့် က ဖြစ်ပွားခြင်းဖြစ်ပြီး စစ်တပ်သုံးမော်တော်ယာဉ်မှာ ကွမ်းခြမ်းကုန်းမြို့ နယ်သို့ သွားမည့် စစ်ကားဖြစ်ကြောင်းသိရသည်။ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ နောက်ထပ်စစ်ကားတစ်စီးအချိန် အနည်းငယ်အတွင်းရောက်ရှိလာပြီး နောက် ဗိုလ်မှုးအဆင့်ရှိသူတစ်ဦးက ခရီးသည် တင်ဂျစ်ကားမှ ထိခိုက် ဒဏ်ရာရသော လူနာများကို ဒလ ဆေးရုံသို့ ပို့ ပေးသည် ဟု ဗောင်းတော်ဂျူတ်ရွာမှ ရွာသားတစ်ဦးက Freedom News Group သို့ ပြောသည်။
ခရီးသည် တင်ဂျစ်ကားတွင် ရန်ကုန်မှ ခရီးသည်များလိုက်ပါလာပြီး တွံတေးရွှေဆံတော် ဘုရားတွင်ကဆုန်ညောင်ရေ သွန်းပြီး ရန်ကုန် သို့ ပြန်အလာတွင် စစ်ကားက ၀င်တိုက်ခံရခြင်းဖြစ်သည်။မော်တော်ကား ရှေ့ပိုင်းမှာ ပျက်စီးမှုကြီးမားပြီး ကားမောင်းသူ နှင့် ရှေ့ခန်းတွင် လိုက်ပါလာသူ နှစ်ဦးစလုံးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိသည်။
ဗိုလ်ချူပ်မှုးကြီး သန်းရွှေ၏ ဇနီးဒေါ်ကြိုင်ကြိုင်နှင့် မိသားစုမှာ ဒလ မြို့ နယ်ရှိ ဓနုတ်စေတီတော် စိန်ဖူးတော်တင်ပွဲအခမ်းအနားသို့ ရောက်ရှိနေချိန်လည်းဖြစ်သည်။
