၉ မေ ရန်ကုန်၊ ၊Freedom News Group
Myanmar Life Model ‘s Studios Job

ကိုယ်ဟန်ပြခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် မြန်မာမော်ဒယ် တို့ အတွက် ဖက်ရှင် ဒီဇိုင်းများဝတ်ဆင် ၍ catwalk လျှောက်ခြင်း ဘီဘုဒ် တီဗွီ စသည့် ကြော်ငြာများအတွက်သရုပ်ပြပေးရရုံသာမက အခြားသော ၀င်ငွေ ရရန် လမ်းကြောင်းမှာလည်း ၂၀၀၇ ခုနှစ်နောက်ပိုင်းမှစ၍ ပို၍ များလာသည် ဟု သိရသည်။
မော်ဒယ် တို့ အတွက် အများပြည်သူသိ ကြော်ငြာ မဟုတ်ဘဲ ၀င်ငွေရရှိ နိုင်သည့် လမ်းကြောင်းများဉ်အဓိက နှစ်ခုမှာ ပန်းချီဆရာ၊ဓာတ်ပုံဆရာ၊ပန်းပုဆရာ (ပြည်တွင်း၊ပြည်ပ) တို့ အတွက် ကိုယ်ဟန်ပြသပေးရခြင်း နှင့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ၏ နိုင်ငံခြားကုမ္ပဏီများအတွက် တည့်ခင်းသော ဧည့်ခံပွဲများတွင် စားပွဲဝိုင်း ဉ် အတူထိုင်ပေးရခြင်းတို့ ဖြစ်ကြောင်း မော်ဒယ်ဧဂျင်စီတစ်ခု မှ မန်နေဂျာတစ်ဦးက Freedom News Group သို့ ပြောသည်။
မော်ဒယ်များကို ကိုယ်ဟန်ပြပေးရန် အတွက် ဓာတ်ပုံဆရာများက အများဆုံးလာငှားကြပြီး ဧဂျင်စီမှအလုပ်အပ်သူ၏ ကိုယ်ဟန်ပြပေးလိုမှု ပုံစံပေါ်မူတည်၍ လက်ခံသရုပ်ဆောင်ပေးမည့် မော်ဒယ်ကိုရှာရသည် ဟုဆိုသည်။
မော်ဒယ်များကို သရုပ်ဆောင်စေပြီး ပန်းချီရေးဆွဲသည့် နာမည်ကြီး ပန်းချီဆရာ တစ်ဦးကမူ
“နာမည်ရပန်းချီဆရာ တွေ ကတော့ ဧဂျင်စီ နဲ့ မလုပ်ကြဘူး ကိုယ်နဲ့ သိတဲ့မော်ဒယ် တွေကိုပဲ

ထိုင်ပေးမလား လို့ မေးကြတာ များတယ်” ဟု Freedom News Group သို့ ပြောသည်။ဓာတ်ပုံ
စတူဒီယို ဖွင့်ထားသူ တစ်ဦးက “ကျွန်တော်တို့ ဓာတ်ပုံ ဆရာတွေ ကို တော့ မော်ဒယ်တွေက သိပ်
Nude မပေးချင်ကြဘူး ဘာဖြစ်လို့ လဲဆိုတော့ သူတို့ ပုံနဲ့ ကြီး ပါလာမှာကြောက်တယ်လေ၊ Semi လောက်တော့ရင်းနှီးမှု ပေါ်မူတည်ပြီးပေးတယ်။ဒါပေမယ့် ပန်းချီဆရာ၊ပန်းပု ဆရာတွေကျ
တော့ Nude တောင်းရင်ပေးတယ် သူတို့ ကျတော့ ပန်းချီ နဲ့ ပန်းပု မှာ မျက်နှာ ပုံစံတထေ ရာ
တည်း ပေါ်တာ မဟုတ်ဘူးကို ”ဟုပြောသည်။
မော်ဒယ်များအနေဖြင့် အနုပညာရှင်များက ကိုယ်ဟန်ပြသပေးရန်အလုပ်အပ်သည့် အခါ လက်ခံမခံပေါ်မူတည် ၍ ပန်းချီဆရာ တစ်ဦးအတွက် ကိုယ်ဟန်ပြသပေးဖူးသည့် မော်ဒယ်တစ်ဦးကမူ “အဲဒါယုံကြည်မှုပေါ်မှာမူတည် တယ် ၊တချို့ ကပန်းချီဆရာ နာမည်ခံထားပြီး
နှာဘူးထချင် တဲ့သူတွေ ရှိတယ် အဲဒီလိုမျိုးဆို မလိုက်ကြဘူး တကယ် ဈာန်ဝင်ပြီးရေးတဲ့သူကျ
တွေကျတော့ လိုက်ကြတယ် ဘယ်လို Pose ပေးရမယ်ဆိုတာတော့ စတူဒီယို ထဲရောက်မှ ညှိကျ
တာများတယ် သမီးတို့ ကတော့ အနုပညာသည် အချင်းချင်းကူညီပေးပါတယ်”ဟုဆိုသည်။
လက်ရှိနာမည် ရနေသည့် မော်ဒယ်များအနက် အချို့မှာ ထိုသို့  Life Model များအဖြင့် ကိုယ်ဟန်ပြပေးဖူးပြီး ပန်းချီ၊ပန်းပုံ၊ဓာတ်ပုံ ဆရာ တို့ ၏ အနူပညာ ဖန်တီးမှု ပေါ်မူတည် ၍
မည်သို့ သော ကိုယ်ဟန်မျိုးကို မဆိုပြသပေးသည် ဟုသိရသည်။
ထိုကဲ့သို့ ကိုယ်ဟန်ပြပေးသည့် မော်ဒယ်များကို Life Model ဟုခေါ်ကြပြီး တစ်ရက် သို့ မဟုတ်
နှစ်ရက်စာ ငှားရမ်းခ အတွက် နာမည်ရရှိမှုပေါ် နှင့် ကိုယ်ဟန်ပြပေးရမှု ပေါ်မူတည်ကာ နှစ်သိန်း
မှ ငါးသိန်းထိ ဈေးယူကြသည်။မော်ဒယ် အများစု မှာ Life Model အဖြစ်ကိုယ်ဟန်ပြပေးရမှု အပေါ် စိတ်ဝင်စားကြသော် လည်း အလုပ်ပါးသည့် အခါများတွင် ထိပ်တန်းကုမ္ပဏီ များ၏ညစာ
ဧည့်ခံပွဲများ အတွက် ဧည့်သည်များ နှင့် အတူထိုင်ပေးခြင်းအလုပ်ကို လည်းလုပ်ကျသည် ဟု
သိရသည်။
“ပန်းချီဆရာ က သူ့ ပန်းချီကောင်းတယ် ဆိုတာ သူ့ ရဲ့ အာရုံ တစ်ခုတည်းနဲ့ ပြီးတာမဟုတ်ပါဘူ
ထိုင်ပေးတယ့် သူကလဲ ဘယ်လောက်စိတ်ရှည်ပြီး ဈာန်ဝင်တယ် ဆိုတဲ့ ပေါ်မှာလဲ မူတည်တာ
ဒါပေမယ် နောက်ဆုံးကျတော့ ပန်းချီဆရာ တွေ က သူတို့ တော် သူတို့ တတ်လို့ ဆိုတာတွေ ဖြစ်
ကုန်ရော သမီးတို့ ကလည်း ဒီပန်းချီ အတွက် ကျွန်မ သရုပ်ဆောင်ပေးတာ ပါတော့ လို့ မပြောချင်
တော့ နောက်ဆို ပန်းချီ ကားရဲ့ ရောင်းရတဲ့ဈေး အလိုက် ရာခိုင်နှုန်းနဲ့ ယူမယ် ”ဟုပြောသည်။

မြန်မာမော်ဒယ်လောက စတင်ဖွံ့ ဖြိုးတိုးတက်လာခဲ့သည် Visit Myanmar Year ၁၉၉၆ ခုနှစ်ကစတင်ရေတွက် လျှင်မြန်မာ မော်ဒယ်တို့ ၏ သက်တမ်းမှာ ဆယ်စုနှစ်တစ်ခု
ကိုကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။
(လက်ရှိအချိန်တွင် နာမည်ရမော်ဒယ်ဧဂျင်စီ လေးငါးခုလောက် ကမြန်မာပြည် ၏မော်ဒယ်လောက ကိုချူပ်ကိုင်ထားသည် ဟုပြောလျှင်ရသော်လည်း အတိအကျအားဖြင့်မော်ဒယ်ဧဂျင်စီ သုံးဆယ်ထက် မနည်း ရန်ကုန်နှင့် မန္တလေးတွင်ရှိသည်။ အချို့မော်ဒယ်များက ဧဂျင်စီများနှင့် ဆက်သွယ်၍ အလုပ်လုပ်ကြသလို အချို့ကလည်း တစ်ကိုယ်တော်လှုပ်ရှားကြသည်များရှိသည်)။
