မြန်မာကလပ်အသင်းများမိတ်ဆက်ပွဲ နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ်များ

၉ မေ ရန်ကုန်၊                   ၊ယူကွန်

Yadana Bon FC launch with Lay Phyu

အဆိုတော် R ဇာနည်နှင့် ဦးတေဇ တို့ ပွဲကြည့်စင် အထူးတန်းသို့ ဝင်ရောက်လာစဉ် ဓာတ်ပုံ-မင်းယွန်းသစ် ဘလောက်မှ ကူးယူဖေါ်ပြသည်
အဆိုတော် R ဇာနည်နှင့် ဦးတေဇ တို့ ပွဲကြည့်စင် အထူးတန်းသို့ ဝင်ရောက်လာစဉ် ဓာတ်ပုံ-မင်းယွန်းသစ် ဘလောက်

ဦးတေဇ ပိုင်ဆိုင်သော ရန်ကုန် ယူနိုက်တက် ဘောလုံးကလပ် မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၂ရက် နေ့  စနေနေ့ (နာဂစ် နှစ်ပတ်လည်နေ့ )က ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင်ကျင်းပခဲ့သည်။
ကလပ်မိတ်ဆက်ပွဲ သို့ မည်သို့ မဆို အခမဲ့လာရောက်ကြည့်ရှု ခွင့်ပြုခဲ့ရာ ရန်ကုန်မြို့ ခံ ဘောလုံးဝါသနာအိုးများ လာရောက် ကြည့် ရှုသည် ဟု Air Bagan မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းကို အေ နှင့် ဘီ ခွဲ၍ သရုပ်ပြခြင်းဖြစ်ပြီး ပွဲမစမီ နာဂစ် နှစ်ပတ်လည်နေ့ အတွက် နှစ်မိနစ် ငြိမ်သက်ဆုတောင်းမှုပြုခဲ့ကြသည်။ရန်ကုန် ယူနိုက်တက် တွင် ကင်မရွန်းမှ ခေါ်ယူထားသော ကစားသမား လေးဦးနှင့် အိုင်ဗရီ ကို (စ်)မှ တစ်ဦးပါဝင်သည်။

အောင်ဆန်းကွင်းရှေ့တွင်ရပ်ထားသော ဦးတေဇ၏ ကားနှင့် ရန်ကုန်ယူနိုက်တက်ကလပ် အသင်းသားများစီးနင်းသည့် ပို့ ဆောင်ရေးယာဉ် ဓာတ်ပုံ-မင်းယွန်းသစ်ဘလောက်မှ ကူးယူဖေါ်ပြသည်
အောင်ဆန်းကွင်းရှေ့တွင်ရပ်ထားသော ဦးတေဇ၏ ကားနှင့် ရန်ကုန်ယူနိုက်တက်ကလပ် အသင်းသားများစီးနင်းသည့် ပို့ ဆောင်ရေးယာဉ် ဓာတ်ပုံ-မင်းယွန်းသစ်ဘလောက်မှ ကူးယူဖေါ်ပြသည်

ပွဲမစမှီ ခေမီကို အကအဖွဲ့  ၏ဖျော်ဖြေမှု Emperor တေးဂီတ အဖွဲ့ နှင့် အတူ ဇော်ဝင်းထွဋ် R ဇာနည်
တို့ ၏ သီဆိုဖျော်ဖြေမှု ကို ပရိသတ် အားပေးခဲ့ကြသည်။မကြာခင်ကျင်းပတော့မည့် ကလပ်အသင်းများ ၏  ပြိုင်ပွဲများအတွက် အသင်းသားခေါ်ယူစရိတ်များအတွက် အသုံးပြုရာ တွင်
ကမ္ဘောဇ ဘဏ် ကိုတည်ထောင်သူ ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇ ကလပ် အသင်းက ကျပ်ငွေ ၇၅၄ သိန်းသုံးပြီး ပထမ နေရာတွင် ရှိသည် ဟု Bi Weekly Eleven ဂျာနယ်တွင်ဖေါ်ပြ
ထားသည်။

Alpine ရေသန့် ကိုထုတ်လုပ်သည့် လွယ်ဟိန်း ကုမ္ပဏီမှ ဒေါက်တာ စိုင်းဆမ်ထွန်း ပိုင်ဆိုင်သည့်
ရတနာပုံ ဘောလုံးကလပ် မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၁၂ ရက်နေ့ တွင် မန္တလေးရှိ ဗထူး
ကွင်းဉ် ကျင်းပမည် ဖြစ်ပြီး Iron Cross တေးဂီတ အဖွဲ့ မှ ပင်တိုင်အဆိုတော်များဖြစ်သည့် အငဲ
မျိုးကြီး ၀ိုင်းဝိုင်း နှင့် အတူ လေးဖြူ လည်းပါဝင်သီဆိုမည် ဖြစ်သည် ။ဒေသခံ များကမူ ဘောလုံးပွဲ
ထက် လေးဖြူ ပါဝင်သီဆိုမည့် လက်မှတ်မဲ့ ပွဲစဉ် အတွက် ပို၍စိတ်ဝင်စားနေသည်။

စစ်အစိုးရ က ဘောလုံး ကလပ်များအတွက် သုံးနှစ်စာ အခွန်ကင်းလွတ်ခွင့်ပြုထားသည်။

One thought on “မြန်မာကလပ်အသင်းများမိတ်ဆက်ပွဲ နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ်များ

  1. တကယ်လိုအပ်နေတဲ့နေ၇ာတွေမှာဒီငွေတွေသုံးရင်ကောင်းမယ်။

Comments are closed.