ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးစိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေ အစာလုံးဝမစားနိုင်တော့ဟု သတင်းထွက်ပေါ်

၁၀ မေ ရန်ကုန်၊              ၊တင်ကျော်ကျော်စိုး

Detained Aung San Suu Kyi needs medical aid

သာမညဆရာတော်ကြီးနှင့်ဒေါ်အောင်ဆန်းစုကြည်
သာမညဆရာတော်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသည် အထူးစိုးရိမ်ရသည့် အခြေအနေကိုရောက်ရှိ နေပြီဖြစ်ကြောင်း ရန်ကုန်ရှိ အတိုက်အခံအင်အားစုများ ကပြောဆိုကြသည်။ဒေါ်အောင်ဆန်းစုကြည်မှာ ၎င်း၏ဆရာဝန် နှင့် ပြသဖို့ လိုနေပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ်က မြန်မာစစ်အစိုးရထံသို့ ယနေ့ တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် အားဆေးဝါးကုသမှုပေးနေသည့် ဒေါက်တာ တင်မျိုးဝင်းကို စစ်အစိုးရကကြာသပတေးနေ့ ညနေကတည်းကဖမ်းဆီးထားသည်။အသက် ၆၃ နှစ်အရွယ်ရှိမြန်မာ့ ဒီမိုကရေစီခေါင်းဆောင်မှာ သွေးအားနည်းခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်းရောဂါ တို့ ကိုခံစားနေရပြီး အစာစားချင် စိတ်လုံးဝမရှိကြောင်း ရန်ကုန် နိုင်ငံခြားသတင်းထောက်များနှင့်တွေ့ ဆုံရာတွင်ပြောသည်။

စနေ နေ့ ညနေတွင် တက္ကသိုလ်ရိပ်သာလမ်းတွင် လုံထိန်းနှင့် လုံခြုံရေးများပိုမိုတင်းကျပ်ထားပြီး
ကာရံထားသည့် သံဆူးကြိုးများကိုလည်း ပိုမိုတိုးမြှင့်ထားသည်ကို တွေ့ ရှိရသည်။နိုင်ငံခြားသတင်းထောက်များကို လည်းတက္ကသိုလ် ရိပ်သာလမ်းထဲသို့ ပေးမ၀င်သည်
ကိုတွေ့ရှိရသည်။

ဒေါက်တာ တင်မျိုးဝင်းကိုဖမ်းဆီးသွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအတွက် ဒေါက်တာပြုံးမိုအိ က တာဝန်ယူထားသည်။သူမ ကိုလည်းစစ်အစိုးရ က ဒေါ်စု ကျန်းမာရေးအတွက်အချိန်ပြည့်စောင့်ရှောက်ခွင့် မပေးချေ။ဒေါ်အောင်ဆန်းစုကြည်အားသူမ တာဝန်ယူစောင့်ရှောက်သည့်နေ့ မှစပြီး အကြောထဲသို့  သွင်းသည့်ဆေးရည် လေးလုံးထိ ချိတ်ဆွဲပေးထားသော်လည်းသက်သာခြင်းမရှိသေးချေ။

ဒေါ်အောင်ဆန်းစုကြည်အိမ်တွင်းသို့ အင်လျှားကန်မှ ရေကူးဝင်ရောက်လာသည် ဆိုသော အမေရိကန်နိုင်ငံသားအား အာဏာပိုင်များကဖမ်းဆီးထားသည်။Mr .John William Yettaw ရေကူးဝင်ရောက်သည်ဆိုသော သတင်းကိုကြာသပတေးနေ့ က စစ်အစိုးရထိန်းချူပ်ထားသည့် သတင်းစာများတွင်ဖေါ်ပြခဲ့သည် မှလွဲ၍ ထပ်မံသတင်းထုတ်ပြန်ခြင်းမရှိသော် လည်းစစ်အစိုးရ
လိုလားသည့် အင်တာနက်စာမျက်နှာများတွင်မူ ထိုသူနှင့်ပတ်သက်သည့် သတင်းအချို့ကိုဖေါ်ပြ
ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ၂ရ ရက်နေ့ တွင် နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်မည်ဖြစ်ပြီး ပြီးခဲ့သော ၁၉ နှစ်အတွင်း ၁၃ နှစ်မှာ နေအိမ်အကျယ်ချုပ်ဖြင့်နေထိုင်ရသည်။