၁၁ မေ မန္တလေး၊ ၊ညွန့်သက်ထားဦး
Madalay wants landmark watch tower to restart

မန္တလေးမြို့နှစ် ၁၅၀ ပြည့်ပွဲကို မကြာခင်ကျင်းပတော့မည်ဖြစ်သော်လည်း မန္တလေးမြို့လယ်ရှိဈေးချို နာရီစင်ကြီးကို ပြုပြင်မည့်သူ မရှိဟုဒေသခံတို့ က Freedom News Group သို့ ပြောသည်။နာရီစင်
မှ ဂျပန်လုပ် ဆီကို အမျိုးအစားနာရီမှာ ၁၉၉၈ ခုနှစ် ကတည်းကရပ်တန့် နေခြင်းဖြစ်သည်။ယခင်က
နာရီလက်တံ လည်ပတ်ရန် နှင့် အချက်ပေးသံ မြည်ရန် လျှပ်စစ်မီးအသုံးပြုပြီး မီးမလာလျှင် အင်
ဗာတာ ဖြင့်သုံးသည်။
မီးပျက်လွန်းသော ကြောင့်နာရီမှာ လည်ပတ်မှု ရပ်သွားရသည် ဟု Ambassador စားသောက်ဆိုင်
မှဝန်ထမ်းတစ်ဦးကပြောသည်။ နာရီမှာ ပြန်ပြင်လျှင်ကောင်းသွား နိုင်ဖွယ်ရှိပြီး မန္တလေး နှစ်၁၅၀ ပြည့် နှစ်အခါသမယတွင် ပြန်လည်ပြုပြင်ရန် လိုကြောင်းမန္တလေးရှိ ဆိုင်းပညာရှင် တစ်ဦးကပြော
သည်။
၂၀၀၉ ခုနှစ်တွင် နာရီစင်ကြီးမှာ နှစ်၁၀၀ ပြည့်တော်မည်ဖြစ်သည်။မြန်မာနိုင်ငံ ကိုဗြိတိသျှအုပ်ချုပ်
စဉ်အချိန်က မန္တလေး အရေးပိုင်မင်းကြီးက နာရီစင်ကြီးကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။မန္တလေးနှစ်၁၅၀
ပြည့်ပွဲကို မေလ ၁၂ ရက် တွင်စတင် ကျင်းပတော့မည်ဖြစ်သည်။
