၁၁ မေ ရန်ကုန်၊ ၊စောမူဂေး
Cholera Out Break Burma Southern City
ကရင်ပြည်နယ် မြို့ တော်ဖားအံ နှင့် ထိုင်း-မြန်မာ နယ်စပ်မြို့မြ၀တီ မှာ ၀မ်းရောဂါတွေဖြစ်ပွားနေ
ကြောင်းသတင်းရရှိသည်။ဖားအံ တွင်ဝမ်းရောဂါ စတင်ဖြစ်နေသည်မှာ ယခင်အပတ်ကတည်းကဖြစ်ပြီး ကူးစက်မှုနှုန်းပိုမို မြန်လာသည် ဟု ဖားအံ-မြ၀တီ ယာဉ်လိုင်းတွင် မော်တော်ကားမောင်းနေသူတစ်ဦးက Freedom News Group သို့ ပြောသည်။
ဖားအံရှိ ၀မ်းရောဂါကူးစက်သူများကို ဆေးရုံနှင့် ကျန်းမာရေး အဖွဲ့ အစည်းများက ဆေးဝါးစောင့်
ရှောက်မှု မပေးနိုင်ဟု သိရသည်။ဝမ်းရောဂါ ဖြစ်သူအများစုမှာ ပုဂ္ဂလိက ဆေးခန်းများ နှင့် ဆေးဆိုင်
များတွင်သာဆေးဝါးကုသမှု ခံယူရသည်။ဝမ်းရောဂါ ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ မြို့
တွင်းသို့ ပေးဝေသည့် သောက်သုံးရေမသန့် မှုကြောင့် ဟုမြို့ခံတစ်ဦးက ပြောသည်။
သထုံမြို့တွင် လည်း ၀မ်းပျက်၊၀မ်းလျှော ရောဂါ များဖြစ်ပွားမှုရှိ နေပြီး သထုံထောင်ရှိ အပြင်ဘုတ်
လိုက်နေရသော အကျဉ်းသား ကို စိုးအောင်မှာ မေလ ရ ရက်နေ့ က၀မ်းလျှောရောဂါကြောင့် ကွယ်
လွန်သွားခဲ့သည်။ ကိုစိုးအောင်မှာ ဘီးလင်း ဇာတိ ဖြစ်ပြီး ယာဉ်နောက်လိုက် တစ်ဦးဖြစ်ကာ ယဉ်
မတော်မဆ မှုတစ်ခုကြောင့် ထောင်ဒဏ် နှစ်နှစ် ကျခံနေရသူဖြစ်ပြီး လျှော့ရက် အပြည်ခံစားခွင့် ရမည် ဆိုပါက ဇွန်လဆန်း တွင် လွတ်မြောက်တော့မည် ဖြစ်ကြောင်း သူ၏ မိသားစုဝင် တစ်ဦး က
ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးမြို့ မြ၀တီ တွင်လည်း ၀မ်းရောဂါ ဖြစ်ပွားနေပြီး ၀မ်းလျှောနေသူ
များအတွက် မြ၀တီ ရှိ အာဏာပိုင် အဖွဲ့အစည်းများက တုံ့ ပြန်မှု မရှိသဖြင့် ထိုင်းဘက်ခြမ်းရှိ ဖဝေါ့ဆေးရုံ နှင့် မဲဆောက်အထွေထွေဆေးရုံကြီးတွင် ယနေ့ လာရောက်ကုသခံနေရသည်။
မဲဆောက် ဆေးရုံတွင် ၀မ်းရောဂါ ဖြစ်ပွားသောကြောင့် ဆေးဝါးကုသမှုခံနေ ရသူ မြ၀တီ မြို့ ခံတစ်
ဦးက “ကိုယ့်နိုင်ငံမှာ ပိုက်ဆံ အကုန်ခံတာတောင် ဆရာဝန် မရှိဘူးဆိုတော့ သူများနိုင်ငံလာပြီးကုရ
တာပေါ့ ”ဟုပြောသည်။
ဝမ်းလျှော၊၀မ်းပျက်ရောဂါ မှာ ဧပြီလဆန်းပိုင်း ကတည်းက မြန်မာနိုင်ငံ ၏မြို့ တော်ဟောင်းရန်ကုန်
တွင်စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
