၁၁ မေ ရန်ကုန်၊ ၊စနေငချွတ်
Rangoon Strong Wind Struck
ရန်ကုန် မြို့ လယ်တွင် ယနေ့ ည ၁၀ နာရီ အချိန်လေပြင်းတိုက်ခတ်မှု ကြောင့်လျှပ်စစ်မီး
ပြတ်တောက်၍ပန်းဆိုးတန်းအောက်လမ်းရှိတရုတ် စားသောက်ဆိုင်တစ်မှာ ဆိုင်းဘုတ် ပြိုကျ သည်။လမ်းဘေးဈေးသည်များ အမိုးပြုတ်လန်မှုများကြောင့် ဆိုင်ဗန်းများမှောက်ကာ ပစ္စည်းများဆုံးရှုံးမှုရှိသည်။ လေတိုက်နှုန်းသည် တစ်နာရီမိုင် ၅၀ နီးပါးရှိသည် ဟုဆိုသည်။
လေပြင်းတိုက်ခတ်နေစဉ် အတွင်း ကုန်သည်လမ်း နှင့်ဆိပ်ကမ်းသာလမ်းထောင့်ရှိ အဆောက်အဦး
တစ်ခုပေါ်မှ ဂြိုလ်တု စလောင်းတစ်ခုပြုတ်ကျသည် ။အထက်ပန်းဆိုးတန်းလမ်း အောင်ဆန်းကွင်းအ
နီး ကူးစက်ဆေးရုံအနီးတွင် သစ်ပင်ကျိုးကျမှု ကြောင့် ပတ်ဝန်းကျင်ရှိပြည်သူများက ရှင်းလင်းနေရ
သည်။ဒလ၊ဆိပ်ကြီး ခနောင်တို သို့ ပြန်မည့် ခရီးသည်များမှာ လည်း စက်လှေများက မထွက်ရဲသဖြင့် နန်းသီတာ၊မော်တင်ဆိပ်များ တွင်ခရီးသည်များစုပုံနေကြသည်။
ယခင်အပတ်က မန္တလေးတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်များပြိုကျခဲ့သည်။
