၁၁ မေ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Junta allows doctor to see ailing Aung San Suu Kyi
မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချူပ်ချထားသည့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်အားယနေ့ ဆေးဝါးကုသမှုခံယူရန် အတွက်ဆရာဝန် နှင့်တွေ့ ဆုံခွင့်ပေးလိုက်သည် ဟု
သတင်းရရှိသည်။
တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ဒေါက်တာပြုံးမိုအိ ကိုဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ အစာလုံးဝမစားနိုင်သည်မှာ လေးရက်ခန့် ရှိပြီဖြစ်ကြောင်း ဒေါက်တာ
ပြုံးမိုအိ ၏ သတင်းပို့ ချက် ကို ကိုးကားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အေပီ သတင်းဌာန ကိုပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုဆရာဝန် နှင့် တွေ့ ဆုံခွင့်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန
က စစ်အစိုးရ ကိုတောင်းဆိုခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် ကို ဆေးဝါးကုသမှုပေးနေသည့် ဒေါက်တာတင်မျိုးဝင်းကို စစ်အစိုးရက ကြာသပတေးနေ့ ကဖမ်းဆီးခဲ့သည်။ဒေါက်တာ တင်မျိုး
ဝင်းအားမည်သည့် အတွက်ကြောင့်ဖမ်းဆီးထိန်းသိမ်းထားသည် ကို မြန်မာစစ်အစိုးရက ထုတ်ဖေါ်
ပြောခြင်းမရှိချေ။
ဒေါက်တာ ပြုံးမိုအိသည် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် သုံးနာရီကျော်ကြာ ဆေးဝါးစောင့်
ရှောက်ကုသမှုပေးခဲ့သည်။ဒေါက်တာ ပြုံးမိုအိ က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်မှာ အလွန်အမင်း
အားပြတ်၍ ပင်ပန်းနွမ်းနယ်နေ သည်ဟုပြောသည်။
