၁၂ မေ ရန်ကုန်၊ ၊ယူကွန်
Junta will be trial on US sneaker
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်းရေကူး၍၀င်ရောက်ခဲ့သည် ဆိုသည့် အမေ ရိကန် နိုင်ငံသား အသက် ၅၃ နှစ်အရွယ်ရှိ ဗီယက်နမ် စစ်ပြန် Mr.John William Yettaw အား သူလျှိုလုပ်မှု ၊နိုင်ငံတော် လုံခြုံရေးကို ထိပါးနှောင့်ယှက်မှု ၊ကန့် သတ်နယ်မြေကျူးကျော်ဝင်ရောက် မှုများဖြင့်စွဲချက်တင်နိုင်ကြောင်း ရန်ကုန် ရှေ့နေများက ထင်မြင်ချက်ပေးသည်။ ၁၉၉၈ ခုနှစ်က ရန်ကုန်မြို့တွင်ဆန္ဒပြခဲ့ကြသည့် နိုင်ငံခြားသား များကို ဆိုင်းငံထောင်ဒဏ်ဖြင့်ပြန် လွှတ်ပေးခဲ့သော်လည်း မစ္စတာ ဂျွန်ဝီလျှံ ကိုမူတရားစွဲ ဆို၍ ထောင်ချနိုင်သည် ဟုဆိုသည်။ဒေါ်စု အိမ်သို့ ခိုးဝင်သည် ဆိုသည့်အမေရိကန် နိုင်ငံသားနှင့် ပတ်သက်၍ ရန်ကုန်မှ ရှေ့နေ တစ်ဦးက“ သူတို့ ဒေါ်စု ကိုဒီလထဲမှာ လွှတ်ပေးမယ် ဆိုရင်တော့ သူ့ ကိုလွှတ်နိုင်တယ်။ဒေါ်စုကို မလွှတ်ပေးဘူး ဆိုရင် တော့ သူနဲ့ ဒေါက်တာ တင်မျိုးဝင်းတို့ ကို အမှုတွဲပြီးထောင်ချ နိုင်တယ်။အမှုတွဲ မှာ ဒေါ်စုပါဝင် တဲ့အတွက် ဒေါ်စုက ပြစ်ဒဏ်ကျခံရ နိုင်တယ် မလွှတ်ပေးချင်တဲ့သဘော ပေါ့ဗျာ ”ဟု Freedom News Group သို့ ပြောသည်။ မစ္စတာ ဂျွန်ဝီလျှံ နှင့် ဒေါက်တာတင်မျိုးဝင်း တို့ အား အမှုတွဲ၍ ဒေါ်စု ကိုပါအမှုဆင် တည်ဆောက်ရန် ကြိုးစားနေသည် ဟု ရန်ကုန် နိုင်ငံရေးအကဲခတ် တို့ ကပြောသည်။
