၁၃ မေ ရန်ကုန်၊ ၊ယူကွန်
Myanmar Estimates 90 Billion Stakes for Champion League Final

ဥရောပ ချံပီယံလိဂ် ပွဲစဉ်နောက်ဆုံးနေ့ ဖြစ်သည့် ဘာစီလိုနာ နှင့် မန်ယူတို့ တွေ့ ဆုံချိန်တွင် ရန်ကုန်မြို့ တစ်မြို့ တည်းကပင် အနည်းဆုံး လောင်းကြေးငွေ ကျပ်သန်းပေါင်း သန်း ကိုးသောင်း (ဘီလျှံ ၉၀)ထိ အသုံကာ လောင်းကြေးထပ်ကျမည် ဟု ရန်ကုန်မြို့ ရှိ ဘောလုံး လောင်းကစားဒိုင်တစ်ခု Freedom News Group သို့ ပြောသည်။
ချီပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် နေ့ က ချယ်ဆီး အသင်းနှင့် ဘာစီလိုနာ အသင်းတို့ တွေ့ ဆုံစဉ်က ရန်ကုန်တစ်မြို့  သန်းခုနှစ်သောင်းနီးပါးထိ
သုံးစွဲခဲ့သည်။မြန်မာ နိုင်ငံ၏ ဥရောပ ကလပ် အသင်းပွဲစဉ်များကိုလောင်းကြေးထပ်သည့် ဘောလုံးလောင်းကစားဈေးကွက် နှင့် ပတ်သက်၍ ရန်ကုန်ရှိလောင်းကစားဒိုင် ဖွင့်ထားသူ တစ်ဦး၏ အနှုတ်အသိမ်း သမားတစ်ဦးက“သာမန်ပွဲ စဉ်တွေ ဆိုရင်တော့
လောင်းကြေးငွေ ဒီလောက်မများဘူးမန်ယူ၊ချယ်ဆီး၊အာဆင်နယ်၊
အေစီ၊ဘာကာ ပွဲတွေဆိုရင်တော့ လောင်းကြေးထပ်တာများတယ် ။နောက် ဆီးမီး ဖိုင်နယ်တို့ ဖိုင်နယ်ပွဲ တွေဆို လောင်းကြေးပိုများလာရော ”ဟု ပြောသည်။
၂၀၀၈ ခုနှစ်က ချံပီယံလိဂ်ဖိုင်နယ် ပွဲစဉ်များမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကာစ ကာလနှင့်ကြုံသဖြင့် လောင်းကြေးငွေ ထိုနှစ်မတိုင်ခင် နှစ်များက ပင် လောင်းကြေးထပ်မှုနည်းပါးကြောင်းသိရသည်။
နာမည်ကျော် ဘောလုံးဆောင်းပါးရှင် တစ်ဦးက “မြန်မာ နိုင်ငံဘောလုံးအဖွဲ့ ချူပ် ဥက္ကဌ Max ကို
ဇော်ဇော် ဆို ရင် မန်ယူပွဲ ဆို သိန်း နှစ်ထောင်နီးပါးလောက်ထိ တင်တယ်လို့ ပြောတယ် ဒါတစ် ယောက် ထဲရှိသေးတယ် နော် Army ကကောင်တွေ နဲ့ သူ တို့ သားသမီး တွေ တင်တာဆို မနည်းဘူး ”ဟုပြောသည်။
မြန်မာနိုင်ငံ၏ ဘောလုံး လောင်းကစားဈေးကွက် ကို ဘွတ်ကီဒိုင်များအဖြစ် တရားဝင်ခွင်ပြုထား
ခြင်းမရှိသော်လည်း စစ်ထောက်လှမ်းရေးရှိစဉ် က ထောက်လှမ်းရေးတပ်များ၏ ရံပုံငွေ အဖြင့် ခွင့်ပြုပေးထားသည်။ထိုအချိန်က ရန် ကုန်မြို့ ရှိ ဒိုင်များအားလုံးနီးပါးမှာ စစ်ထောက်လှမ်းရေးမှ
ခွင့်ပြုမှသာရသည်။စစ်ထောက်လှမ်းရေးနောက်ပိုင်းတွင်မူ အာဏာရ
အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ ၏ သားသမီးများ၊၎င်းတို့ နှင့် နီးစပ်သူများက သာ ဒိုင်အကြီးများ
ကိုင်နိုင်ကျသည် ။ရပ်ကွက်များတွင်ရှိသော ဒိုင်အသေးများကမူ ရဲစခန်း နှင့်
ဒေသခံအာဏာ ပိုင်တို့ ကို လိုင်းကြေးပေး၍ လုပ်ဆောင်ရသည်။
မြန်မာနိုင်ငံတွင် တိုင်းပြည်စီးပွားရေးအခြေအနေ ကြောင့် လောင်းကစားလုပ်ငန်းကို စီးပွားရေး
လုပ်ငန်းတစ်ခုအဖြစ် သဘောထားကာ ပြည်သူများက လုပ်ဆောင်လာကြသည်။ဘောလုံး
ဝါသနာ အိုးတစ်ဦးကမူ “ဘောလုံး ၀ါသနာ မပါလို့ ဘောပွဲ မကြည့် တဲ့လူတွေလည်း ဘောပွဲတော့
လောင်းကျတယ် ”ဟုပြောသည်။
လက်ရှိ ရန်ကုန် တိုင်းမှုး ဗိုလ်မှုးချူပ်ဝင်းမြင့်မှာလည်း ဘောလုံးလောင်းကစားဝါသနာပါသော သူတစ် ယောက်ဖြစ်သည် ဟု ရန်ကုန် အခြေစိုက် အားကစား ကလောင်ရှင် တစ်ဦးကပြောသည်။
ချံပီယံ လိဂ် ပွဲစဉ် နောက်ဆုံးနေ့ ဖိုင်နယ်ပွဲစဉ် ကို မေလ ၂၇ ရက် နေ့ ညတွင် အီတလီ နိုင်ငံရောမ
ရှိ စတေဒီယို အိုလံပီကို အားကစားကွင်းတွင် ကျင်းပမည် ဖြစ်သည်။ထိုနေ့ တွင် ဘာကာ နှင့် မန်
ယူတို့ ဆုံကြမည် ဖြစ်သည်။ ၎င်းပွဲ စဉ် တွင် မန်ယူ က အထက်ကြေးပေါက်နိုင်သူ ဟု ဘောလုံး
ပွဲများမှန်မှန် လောင်းသူ တစ်ဦးက သုံးသပ်သည်။
မြန်မာအစိုးရ၏ တည်ဆဲဥပဒေများ အရ ဘောလုံးလောင်းကစားခြင်းမှာ တရားမ၀င်ဖြစ်သော်
လည်း မကြာခင်ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲစဉ်တွင်မူ တရားဝင် လောင်းက
စားနိုမည့် ဘွတ်ကီဒိုင် ပါရှိမည် ဟု သိရသည်။

နာဂစ်ဒေသတွေ ကိုလှုကျပါ လောင်းကစားကြေးနဲနဲလျှော့ပြီးတော့