အောင်သပြေစစ်ကြောရေးစခန်းတွင် ဂျွန် ၀ီလျှံယက်ထော အား သံရုံးအရာရှိကတွေ့ဆုံနေပုံကို ရုပ်သံမှထုတ်လွှင့်ပြသ

၁၃ မေ ရန်ကုန်၊              ၊တင်ကျော်ကျော်စိုး၊     AP  MRTV

US consul meets American detained in Myanmar

ဒေါ်အောင်ဆန်းစုကြည် ၏ အိမ်သို့ ရေကူး၍ ၀င်ရောက်ခဲ့သည်ဆိုသော အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီ လျှံ ယက်တောအား အမေရိကန်သံရုံး မှ ကောင်စစ်ဝန်တစ်ဦးဖြစ်သူ ကောလင်းဖတ်(စ်)ကတွေ့ ဆုံခွင့်ရပုံကို ယနေ့ ည မြန်မာ့ရုပ်မြင်သံကြားသတင်းတွင်
ထုတ်လွှင့်ပြသသွားခဲ့သည်။

အမေရိကန် သံရုံးတာဝန်ရှိသူ က ဖမ်းဆီးခံထား ရသူ အမေရိကန်မစ်ဆူရီပြည်နယ်သား ယက်ထောအား မရမ်းကုန်းမြို.နယ်ရှိ အောင်သပြေစစ်ကြောရေး စခန်းတွင်တွေ့ ဆုံနေပုံကို ရုပ်သေ ဓာတ်ပုံအဖြစ် မိနစ် အနည်းငယ်ကြာ ထုတ်လွှင့်ပြသခဲ့သည်။

ရန်ကုန်မြို့ ရှိ အမေရိကန်သံရုံးကလည်း ဖမ်းဆီးခံထားရသူ နှင့် သွားရောက်တွေ ဆုံခွင့်
ရခဲ့ကြောင်းအတည်ပြုပြောကြားခဲ့သည်။သံရုံးကဖမ်းဆီးခံထားရ သူနှင့်
မိနစ်၃၀ကြာတွေ့ ဆုံခဲ့ကြောင်း ကောင်းမွန်စွာဆက်ဆံခွင့်ရကြောင်း ပြောကြားသော်လည်း အသေးစိတ်ပြောကြားရန် အတွက်ကိုမူ အမှားအယွင်းမခံ နိုင်သည်မို့ ပြောကြားနိုင်ခြင်း
မရှိသေးဟု ဆိုသည်။

လတ်တလော တွင်မူ ဂျွန်ဝီလျှံ ယက်ထောကို မည်သည့် ပုဒ်မ နှင့်မျှအရေးယူထားခြင်းမရှိ
သေးဟုအေပီ သတင်းတွင် ဖေါ်ပြထားသည်။မေလ ၆ရက်နေ့ ကတည်းက ယက်ထော
ကိုဖမ်းဆီးစဉ် ကတည်းက အမေရိကန်သံရုံးအနေဖြင့်ပထမဦးဆုံးအကြိမ်တွေ့ခွင့်ရ
ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၈၈ ခုနှစ်မြန်မာပြည်သို့  ပြန်လည်ရောက်ရှိစဉ်ကတည်းက နေအိမ်အကျယ်ချူပ်ဘ၀ ဖြင့်၁၃ နှစ်နေခဲ့ရသည်။ ယခုလ ၂ရ ရက်နေ့ တွင်နေအိမ်အကျယ်ချုပ်သက်တမ်းခြောက်နှစ်ပြည့်မည်ဖြစ်သည်။

ဂျွန်ဝီလျှံ ယက်ထော နှင့် တစ်ရက်သာကွာခြားပြီး ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည် ၏ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းကိုမူ မည်သူနှင့်မျှ တွေ့ ခွင့်မပေးသေး ဟုသတင်းရရှိသည်။

မြန်မာ့ရုပ်မြင်သံကြားက ဂျွန်ဝီလျှံယက်ထော ကို စစ်ဆေးနေဆဲ ဖြစ်သည်ဟု ကြောငြာသွားသည်။အောင်သပြေစစ်ကြောရေးစခန်းမှာ နိုင်ငံရေးလှုပ်ရှားသူများအား
ဖမ်းဆီးမေးမြန်း၍ စစ်ဆေးသည့်နေရာတွင်နာ မည်ဆိုးဖြင့်ကျော်ကြားသည့် ရဲ အထူး
သတင်းဖွဲ့ ၏ စစ်ကြောရေး အဆောက်အဦဖြစ်သည်။

ဂျွန်ဝီလျှံ ယက်ထောမှာ အသက် ၅၃ နှစ်ရှိပြီဖြစ်သည်။