အင်းလျှားကန် ပတ်လည်တွင် လုံခြုံရေးများ တိုးမြှင့်

၁၃ မေ ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

Security Tightened Around Rangoon Lakeside

ဝီလျှံယက်တော အဖမ်းခံရသည်ဆိုသောနေရာနှင့် မနီးမဝေးရှိအင်းလျှားကန်ဘောင်
ဝီလျှံယက်တော အဖမ်းခံရသည်ဆိုသောနေရာနှင့် မနီးမဝေးရှိအင်းလျှားကန်ဘောင်

ဒေါ်အောင်ဆန်းစုကြည် နေ အိမ်တွင်းသို့ ရေကူးဝင်ရောက်ခဲ့သည် ဆိုသော နိုင်ငံခြားသားကိုဖမ်း
ဆီးထိန်းသိမ်းထားကြောင်း စစ်အစိုးသတင်းစာများက ဖေါ်ပြပြီးတစ်ပတ်အကြာတွင် ရန်ကုန်မြို့ အင်းလျှားကန် ပတ်လည်တွင် လုံခြုံရေးတိုးမြှင့်ချထားလိုက်သည်။

အင်းလျှားကန် အရှေ့ဘက်ခြမ်းရှိ မြကျွန်းသာ ပန်းခြံအရှေ့တွင် စစ်ကားနှစ်စီးချထားပြီး ပန်းခြံတွင်းဝင်ရောက်မည့် သူများကိုလည်း သေချာစွာစီစစ်မှုများပြုသည်ဟု သတင်းရရှိသည်။စက်မှု ၁ နှင့်မျက်နှာချင်းဆိုင်ရှိ အင်းလျှားကန်ဘောင်ပေါ်တွင် ရဲလုံခြုံရေးများ တိုးမြှင့်ချထားသည်။ကန်ဘောင် အနောက် ဘက်ခြမ်းတွင်မူ ဓာတ်တိုင် တစ်တိုင်ခြားတွင် ရဲတစ်ယောက်ခန့် စောင့်ကျပ်နေသောကြောင့် အပန်းဖြေရန်လာသည့် သူများပင် စိတ်အနှောင့်အယှက် ဖြစ်ရသည် အပန်းဖြေလာရောက် သူတစ်ဦးက Freedom News Group သို့ ပြောသည်။

အင်းလျှားကန် နှင့် ထိစပ်နေ သောဒူးဇစ်အင်းလျှားလိပ်ဟိုတယ်နှင့်ရန်ကုန်စီးပွားရေးဗဟိုဌာန
(IBC)အနီးတွင်လည်း ရဲလုံခြုံရေးများတိုးမြှင့်ချထားသည်။အင်းလျှားကန်စပ်ရှိ စိမ်းလန်းစိုပြေ စား
သောက်ဆိုင် ၊ဘုတ်ကလပ် နှင့် Beger Mot စားသောက်ဆိုင်များနေရာတွင် မူသံချပ်ကာ ဒိုင်းများ
ချိတ်ဆွဲထားသော ရဲကားများချထားသည်။

ဒေါ်စုနေအိမ်ရှေ့ရှိ တက္ကသိုလ် ရိပ်သာလမ်းနေရာတွင်မူ လုံထိန်းရဲ နှစ်ရာထက်မနည်းချထားသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ဆရာဝန် နှင့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျှံ ယက်တော တို့ ကို
ဖမ်းဆီးထားပြီးနောက် ယခုကဲ့ သို့ လုံခြုံရေးများ တိုးမြှင့်ခြင်းဖြစ်သည်။