၁၄ မေ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Aung San Suu Kyi detainees in Insein Jail After Appearing Court

အသက် ၆၃ နှစ်အရွယ်ရှိ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ မနက်
အစောပိုင်းက နေအိမ်မှ လက်နက်ကိုင်ရဲ အစောင့်အရှောင့် အင်းစိန်အကျဉ်းထောင်သို့ 
ခေါ်ထုတ်သွားသည်။
မနက် ၁၀ နာရီတွင် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် အထူးတရားရုံးဉ် ရုံးထုတ်ကာ နိုင်ငံ
တော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့်တရား
စွဲဆိုပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူနေသော ဒေါ်ခင်ဝင်းနှင့် သမီးဖြစ်သူတို့ ကိုလည်း၎င်း အမှု
ကိုအားပေးကူညီမှု ဖြင့်တရားစွဲဆိုခဲ့သည်။
ရေကူးဝင်ရောက်သူ အမေရိကန်နိုင်ငံသား ၀ီလျှံ ယက်ထော ကိုမူ မြူနီစပါယ်မှု ၊လူဝင်မှုကြီးကြပ်ရေး
မှု၊နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်စီးလိုသူများအား အကူအညီပေးမှု ရာဇသတ်ကြီး ပုဒ်မ ၂၂/၁၀၉ အရ တရားစွဲဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် လေးဦးကို မေလ ၁၈ ရက်နေ့ သို့ တရားသူကြီးကရုံးချိန်းပေးလိုက်ပြီး
ထိုအမှု နှင့်သက်ဆိုင်သူ အားလုံးကို အင်းစိန်ထောင် တွင်ချူပ်နှောင်ထားသည်။

ဗိုလ်ချုပ်မှူကြီးသန်းရွှေနှင့်တကွ ရဲဘော်သူရဲဘော်သားတို့ မင်းတို့ကို ငရဲမင်းက ခေါ်တော်လွတ်လိုက်တယ်…..
မင်းတို့ ၂၀၁၀မှာ သေကိုသေရမယ်တဲ့…….