ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရာရှိသော ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန် တရားရုံးသို့ လက်နက်ကိုင်ရဲအစောင့်အရှောင့် ၆၀ ခန့်ခြံရံလျှက်ခေါ်ထုတ်သွား

၁၄ မေ ရန်ကုန်၊                        ၊တင်ကျော်ကျော်စိုး၊ယူကွန်

Aung San Suu Kyi appears in Special Court in Insein Jail

အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးဉ် ၁၉၉၈ ခုနှစ်က နိုင်ငံခြားသား ၁၅၈ဦးကို ရုံးထုတ် စစ်ဆေးစဉ်
အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးဉ် ၁၉၉၈ ခုနှစ်က နိုင်ငံခြားသား ၁၈ဦးကို ရုံးထုတ် စစ်ဆေးစဉ်

ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ မနက် ၆ နာရီ အချိန်ခန့် က အင်းစိန်ထောင်ရှိ အထူးတရား
ရုံးသို့လုံခြုံရေးအင်အားထူထပ်စွာစောင့်ကျပ်လျှက်ခေါ်ဆောင်သွားကြောင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချူပ် ကမာရွတ်မြို့ နယ်မှ အဖွဲ့ ဝင်တစ်ဦးက Freedom News Group သို့ ပြောသည်။

ဒေါ်စုအား စစ်အစိုးရမှ တရားစွဲဆိုရန်ပြင်ဆင်နေပြီး အင်းလျှားကန်ကို ဖြတ်၍ ရေကူးဝင်ရောက်လာခဲ့သည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျှံ ယက်ထော နှင့် ဆက်စပ်အပစ်ပေးနိုင်ရန် စီစဉ်နေကြောင်းမြောက်ဥက္ကလာပ NLD အဖွဲ့ ဝင်တစ်ဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အားမည်သည့် ပုဒ်မ ဖြင့်တရားစွဲဆိုမည် ကို မသိရသေးသော်လည်း NLD
လူငယ် က“ အမှုကပ်တာပေါ့” ဟုပြောကြားသည်။

အင်းစိန်ထောင်သို့ ရှေ့နေ ဦးကြည်ဝင်းအပြင် NLD ပါတီမှ အဖွဲ့ ဝင်များရောက်ရှိ နေသည်။ဒေါ်စု
အားတွေ့ ဆုံခွင့်ရရန် စောင့်ဆိုင်းနေသည်။ဒေါ်အောင်ဆန်းစု ကြည်အားအကျယ်ချူပ်ခံထားစဉ်
စည်းကမ်းဖေါက်ဖျက်သည့် ပုဒ်မ ၊ဧည့်စာရင်း ပုဒ်မ တို့ဖြင့်အရေးယူနိုင်သည် ဟုဆိုသည်။