ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချခဲ့ပါက နအဖ ကံကြမ္မာသည် အပြောင်းအလဲဖြစ်သွားနိုင်
၁၄ မေ ရန်ကုန်၊               ၊Freedom News Group
People Outrageous For Junta Action On Prominent Leader
ဒေါ်အောင်ဆန်းစုကြည်အားကားဖြင့်ခေါ်ဆောင်လာပြီးနောက် အင်းစိန်ထောင်ရှေ့မြင်ကွင်း photo:www.wanna23.co.cc
ဒေါ်အောင်ဆန်းစုကြည်အားရဲအစောင့်အရှောင့်ကားတန်းဖြင့် ခေါ်ဆောင်လာပြီးနောက် အင်းစိန်ထောင်ရှေ့မြင်ကွင်း photo:www.wanna23.co.cc
မြန်မာ့တပ်မတော်၏ ဖခင်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဒေါ်အောင်ဆန်းစုကြည် အား ယခုကဲ့သို့  အပြစ်မရှိအပြစ်ရှာပြီး ဖမ်းဆီးထောင်ထဲပို့ ခြင်းကို စစ်တပ်တွင်းမှ အရာရှိများနှင့် စစ်အစိုးရလိုလားသူများပင် မကျေနပ်ဟု Freedom News Group မှစုံစမ်းသိရှိရသည်။
ယနေ့ ညလက်ဖက်ရည်ဆိုင်၊ဘီယာဆိုင် များနှင့် ရန်ကုန်မြို့ ရပ်ကွက်တွင်းရှိ လူအများစုဝေးကြ
သည့်နေရာများတွင် ဒေါ်စု ကိစ္စနှင့်ပတ်သက်၍ ပြည်သူများက မကျေနပ်ချက်များဖြင့်ဆွေးနွေး
တိုင်ပင်ကြသည်။ယနေ့ဘီဘီစီမြန်မာပိုင်းရေဒီယိုအစီအစဉ် နှင့် နိုင်ငံတကာသတင်းထုတ်လွှင့်ချက်များကို နားထောင်သူများလည်းအလွန်များသည် ။
ဒေါ်အောင်ဆန်းစုကြည်အားထောင်သွင်းသို့ ပြောင်းရွှေ့၍ ဖမ်းဆီးထိန်းသိမ်းထားသည့် ကိစ္စနှင်ပတ်သက်၍ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံရှိ ကုန်သည်တစ်ဦးက “သူတို့ လက်ခုပ်ထဲမှာ သူတို့ မျက်လုံးအောက်ကလူကို အပြစ်ရှိတယ် ဆိုပြီးထပ်ဖမ်းတာ တော့ ဘယ်သဘာဝ ကျမလဲ ၊ဒါနိုင်ငံတွင်းမှာတရားမျှတ မှုဆိုတာ လုံးဝမမရှိတော့ ဘူးဆိုတာ ပြလိုက်တာပဲဟုသူကပြောသည်။
ရန်ကုန်မြို့ ခံအချို့ ကလည်း ရေကူးဝင်ရောက်လာ သော အမေရိကန်နိုင်ငံသား ယက်ထော အားမုန်း
တီးမှု ပိုနေကြပြီး သူ့ ကြောင့်ဒေါ်စုယခုကဲ့သို့ ဖြစ်ရသည် ဟု သုံးသပ်ပြောဆိုကြသည်။
ရန်ကုန်ဆေးရုံးကြီးမှ ခွဲစိတ်ကု ဆရာဝန်တစ်ဦးကမူ “ဒေါ်စု ကို ထောင်ချရင် နအဖ ကံကြမ္မာပြောင်းလဲသွားနိုင်တယ် တစ်နိုင်ငံလုံးက သူ့ ကိုပိုချစ် ၊ပိုလေးစား၊ပို မြတ်နိုးကျတာ ကို ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ နအဖ ရင်ဆိုင်ရမယ်”ဟု သုံးသပ်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အားရုံးတင် စစ်ဆေးမှုနှင့်ပတ်သက်၍ အနောက်နိုင်ငံများက ရှုံချကန့် ကွက်ထားပြီးပြန်လွှတ်ပေးရန်တောင်းဆိုထားသည်။
ဒေါ်စုအား လာမည့် တနင်္လာနေ့ တွင် ရုံးတင်စစ်ဆေး ၍ဖမ်းဆီးထောင်ချခဲ့မည် ဆိုပါက စစ်အစိုးရသည်ကိုယ့် သေတွင်းကိုယ်တူးသလိုဖြစ်သွား နိုင်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှကျောင်းသားတစ်ဦး ကပြောသည်။
8 thoughts on “ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချခဲ့ပါက နအဖ ကံကြမ္မာသည် အပြောင်းအလဲဖြစ်သွားနိုင်
  1. ဒီမယ် ဦးသန်းရွှေ နဲ့ ဆွေမျိုးများအားလုံးသိပါစေ
    ဒီပယင်း အရေးခင်းမှာ သွေးချောင်းစီးအောင် သတ်ခဲ့ တဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်း ဟာ သူ့ကိုယ် ထဲက သွေးတွေ အားလုံး အလိုလို ထွက်ပြီး အသေဆိုးနဲ့ သေတာပါ ခုဆို ရင် ငရဲ မှာ သူဘယ်လိုခံစားနေရတာ ကောင်းကောငိးကြီးသိနေပါပြီ ကြိုတင်ပြင်ဆင်ထားပါ သင့်အလှည့် ရောက်လာတော့မယ်
  2. ဗိုလ်ချုပ်သမီးဖြစ်တိုင်း လူတိုင်းက ထိုင် ကန်တော့နေရမှာလား ။ သီပေါမင်း ပါတော်မူပြီးကတည်းက ဘုရင်ရဲ့ သားသမီးအစဉ်အဆက် မင်းဖြစ်ရမယ်ဆိုတဲ့စနစ်က ပါတော်မူသွားပြီ ။ ဒီမိုကရေစီ စနစ် ကို ဒေါ်စုကြည် ဦးဆောင်မှ အောင်မြင်မှာလား။ တခြားတစ်ယောက်ကရော ဦးဆောင်မှုမပြုနိုင်ဘူးလား။ သုံးစားလို့မရတဲ့ သမိုင်းခေတ်က အတွေးအခေါ်တွေနဲ့ လှေနံဓါးထစ် မလုပ်ပါနဲ့။ နိုင်ငံရေးလည်း သိက္ခာရှိပြီး ခေတ်နဲ့အညီ ဖြစ်မယ့် နိုင်ငံရေးမျိုးပဲ လုပ်ကြပေါ့ဗျာ။ နောင်လာမယ့် မြန်မာနိုင်ငံက မျိုးဆက်သစ်လူငယ်တွေ ခင်ဗျားတို့ ရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ယုံကြည်လာနိုင်စရာ အကြောင်းမရှိသလောက်ဖြစ်နေပါပြီ။ ဘယ်သူကျဆုံးမယ်ဆိုတာတော့ အချိန်အတိုင်းအတာတစ်ခုက ဆုံးဖြတ်ပေးသွားလိမ့်မယ်။ အာဏာရဖို့တစ်ခုတည်း မကြည့်ပါနဲ့။ အိမ်ကြက်အချင်းချင်းလည်း အိုးမည်းသုတ်ပြီး ရန်မတိုက်ပေးပါနဲ့ ။ မိတ်ဆွေတို့က ရေခြားမြေခြားမှာ နေပြီး ပြည်တွင်းက လူတွေ ဘာဖြစ်ဖြစ် အချင်းချင်း ပြဿနာတက်အောင် အမျိုးမျိုးသွေးထိုး နေကြတယ်။ နောက်ဆုံးတော့လည်း ဘာမှ မသိနားမလည်သေးတဲ့ ပြည်သူပြည်သားတွေ က မိတ်ဆွေတို့ပြောသမျှယုံ စည်းရုံးသမျှ ယုံ ပြီး မျက်လုံးစုံမှိတ် လိုက်လုပ်တော့ အဲဒီပြည်သူပြည်သားတွေပဲ ဒုက္ခရောက်ရတယ်။ မိတ်ဆွေတို့က အင်တာနက်ကနေ media တွေကနေ စကားလေးပဲ အားစိုက်ပြီး အာဏာရရင် ထိပ်ဆုံးက တန်းစီမယ့် ပုံစံမျိုး ဖြစ်နေတယ်။ ဘယ်အဖွဲ့အစည်း ကောင်းတယ် ဆိုးတယ် ဆိုတာတော့ ကျွန်တော် မဝေဖန်ပါဘူး။ အဖွဲ့အစည်းတိုင်းကတော့ နိုင်ငံအတွက် မတူညီတဲ့ နည်းလမ်းတွေ နဲ့ အာဏာရဖို့ လုပ်နေကြတာပဲလေ။ အဆင့်အတန်းရှိတဲ့ နိုင်ငံရေး မျိုးဖြစ်ချင်ရင်တော့ လက်ရှိအာဏာရနေတဲ့ အဖွဲ့အစည်းနဲ့ ထိပ်တိုက်ဆွေးနွေး ဘာမှ မသိနားမလည်တဲ့ ပြည်သူပြည်သားတွေကို ခုတုံးလုပ်ပြီး မကြိုးစားကြပါနဲ့။media ကို media နဲ့ တိုက်ပါ။ ကလောင်ကို ကလောင်နဲ့တိုက်ပါ။ နိုင်ငံ့အရေးကို နိုင်ငံ့အရေးမှာပါဝင်တဲ့ သူတွေနဲ့ပဲ တိုက်ပါ။ ဘယ်အဖွဲ့အစည်းက ပိုပြီး နိုင်ငံကို ပိုချစ်တယ်။ ထက်မြက်တယ်။ အကောင်ထည်ဖော်နိုင်တယ်ဆိုတာ အချိန်တန်ရင် သိလာမှာပဲလေ။ပြည်သူတွေကို မချစ်တတ်ရင်တော့ ပြည်သူတွေကလည်း နေရာပေးမှာမဟုတ်ပါဘူး။ဒီအတိုင်းပဲ အမြဲတမ်း ယုံကြည်တယ်။
  3. hey than shwe , free to ASSK now! International still watching your action and Burma people serious trouble. Northern countries and also ASEAN countries want to get in democracy in Myanmar.
  4. သန်းရွှေငကြောက်လီးပဲဒေါ်အောင်ဆန်းစုကြည်ကိုအမြန်လွှတ်လိုက်စမ်းကျုပ်ဒေါသမထွက်ခင်.ကျုပ်ခင်ဗျားကိုသတ်မိလိမ့်မယ်.
  5. ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှရွှေငှက်တစ်ကောင်ရှိတယ်.အဲဒီရွှေငှက်ဆီမှာ
    ကိုယ်လိုချင်တဲ့တောင်းဆုတွေကိုတောင်းလို့ရနိုင်လေရဲ့ ..
    ဒီသတင်းကိုသိတဲ့ဘုရင်ကသူ့ အာဏာမထိပါးနိုင်အောင်အတွက်အဲဒီရွှေငှက်ကိုဖမ်းဆီးပြီးလှောင်ချိုင့်
    ထဲမှာထည့်ထားလိုက်တယ်..ရွှေငှက်လေးရဲ့ အကျိုးကြောင့်ငြိမ်းအေးချမ်းသာနေတဲ့ပြည်သူတွေဟာ
    ဆောက်တည်ရာမဲ့ဖြစ်ပြီး ရွှေငှက်လေးကိုလွှတ်ပေးဖို့
    ကိုသာတစ်စိုက်မတ်မတ်တောင်းဆိုနေကြလေရဲ့…အဲဒီလိုတောင်းဆိုမှု
    ဟာအနှစ်နှစ်ဆယ်သာကျော်သွားတယ်..အဆက်ဆက်တက်လာတဲ့
    ဘုရင်တွေကတော့ပြန်မလွှတ်ခဲ့ကြဘူး..တိုင်းသူပြည်သားတွေဟာလဲ
    ရွှေငှက်ဟာလှောင်အိမ်ထဲကပါလားဆိုတာကိုပဲတွေးပြီးပြန်လွှတ်ပေးဖို့
    ကိုသာတောင်းဆိုနေကြလေရဲ့ …နောက်ထပ်ဘယ်နှစ်နှစ်တောင်းဆိုနေကြမလဲဆိုတာ
    ဘယ်သူမှမသိနိုင်ခဲ့ကြဘူး..(ဒေါ်စုက လိုသမျှဆုကိုပေးနိုင်တဲ့ရွှေငှက်မဟုတ်ဘူး..အလားသဏ္ဍန်တူခဲ့ရင်တောင်
    တိုင်းသူပြည်သားလူဒီလောက်အများကြားမှာ နောက်ထပ်ရွှေငှက်တစ်ကောင်ထပ်မပေါ်နိုင်တော့ဘူးလား..လက်လှုပ်ခြေလှုပ်
    လောက်ကလွဲပြီးဘာကိုမှမလုပ်နိုင်တဲ့ရွှေငှက်လွတ်မြောက်ရေးကိုပဲ ဘုရင်ဆီတောင်းဆိုနေကြတော့မှာလား…နဲနဲပဲတွေးကြည့်ကြပါး)
  6. နေ၀င်းတောင်ပြုတ်သေးတာဘဲ၊မင်းတို့ကပိုဆိုးမှာပေါ့
    ဒေါ်စုကိုမလွှတ်ပေးရင် မင်းတို့ဘ၀မိုးချုပ်ပြီးပေါ့ကွာ ဗေဒင်မမေးနဲ့ ပိုက်ဆံကုန်းတယ်၊မင်းတို့ဘယ်လောက်ကြောက်လဲဆိုတာတစ်တိုင်းပြည်လုံးသိပါတယ်
    မိန်းမတစ်ယောက်တောင်ဒီလောက်ကြောက်ရသလား
    ကြိုတင်ပြင်ဆင်ထားကြပါ
  7. သန်းရွှေ တို့အုပ်စုကိုထမီ ပေးဝတ်တော့မယ်တဲ့၊ရန်ကုန်ကလူတော်တော်များများပြောနေကြာ
    ပြီ၊
Comments are closed.