၁၅ မေ နယူးယောက်၊ ၊Freedom News Group
EU and US in Burma Sanctions Extensions
ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများသည် သောကြာနေ့ ကလူဇင်ဘဂ်တွင်တွေ့ ဆုံအပြီး မြန်မာနိုင်
ငံအပေါ်အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု သက်တမ်းတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ဥရောပသမဂ္ဂက အဖွဲဝင် ၂၇ နိုင်ငံကဒေါ်စု အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆို
လိုက်သည်။
ဥရောပသမဂ္ဂ၏မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ မှုအစီအစဉ်တွင် စစ်အစိုး ရအရာရှိများဥရောပ
သမဂ္ဂ အဖွဲ့ ဝင်နိုင်ငံများသို့ ခရီးသွားလာခွင့်ပိတ်သိမ်းခြင်း၊လက်နက်တင်ပို့ မှုပိတ်ဆို့ ခြင်းနှင့်အအေး
ခန်းကုန်ပစ္စည်းများတင်ပို့ ခွင့်တို့ ပါဝင်သည်။၂၀၀၇ ခုနှစ်မြန်မာနိုင်ငံတွင် သံဃာများဦးဆောင် သည့်
ဆန္ဒပြမှုဖြစ်ပွားပြီးနောက် ဥရောပ သမဂ္ဂက သစ်၊တွင်းထွက်ပစ္စည်းများနှင့် သတ္တုတင်ပို့ ခွင့်တို့ ကို
ထပ်မံ ပိတ်ပင်ခဲ့သည်။
အမေရိကန် နိုင်ငံကလည်း မြန်မာစစ်အုပ်စု အပေါ်အရေးယူပိတ်ဆို့ မှုသက်တမ်းနောက်တစ်နှစ်
ထပ်မံတိုးမြှင့်ရန် ကွန်ဂရက်က သဘော တူလိုက်သည်။မြန်မာစစ်အုပ်စုမှာ အတိုက်အခံများအပေါ်
နှိပ်ကွပ်မှုများပိုမိုပြင်းထန်လာသဖြင့် ထိုသို့ ဆုံးဖြတ်ရကြောင်းကွန်ဂရက်၏ကြေညာချက်ထဲတွင်
ဖေါ်ပြထားသည်။
မြန်မာ အစိုးရ၏ လုပ်ရပ်များသည် အမေရိကန် အမျိုးသား အကျိုးစီးပွားကိုထိခိုက်သည် ဟု လည်း
သုံးနှုံးထားသည်။ မြန်မာ အစိုးရ၏ လုပ်ရပ်များသည် အမေရိကန် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြား
ရေးမူဝါဒ တို့ ကိုခြိမ်းခြောက်သည် ဟု သမ္မတ အိုဘားမား ထုတ်ဖေါ်ပြောသည်။
