၁၅ မေ ရန်ကုန်၊ ၊Freedom News Group
Echo of The Public Opinion of Aung San Suu Kyi in Prison

ဒေါ်အောင်ဆန်းစုကြည် ကိုတရားစွဲဆိုဖို့အင်းစိန်ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး
မြန်မာ ပြည်သူပြည်သားတွေ ဟာ သီပေါ
မင်းပါတော်မူတုန်းက လို ကြိမ်းမီးအုန်း
သလိုခံစားနေရကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုးစစ်ခေါင်းဆောင်တွေက အကောက် ဥာဏ်ဆင်တာနဲ့ ပတ်သက်ပြီး
“ထောင်ချဖို့ နဲ့ ဆက်ဖမ်းထားဖို့ ကတော့ကတော့ ရှစ်ဆယ့်ငါးရာခိုင်နှုန်း ၊လွှတ်ဖို့ ကတော့ ၁၅ ရာခိုင်နှုန်း ရှိတယ်။ဒါပေမယ့် ပြစ်မှုထင်ရှားအောင်စီရင်ချက် ချပြီးကာမှ
ဗိုလ်ချုပ်မှုးကြီးက မဟာကရုဏာတော် အပြည့် နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ
ပါဝင်နိုင်အောင် လို့ သဘောထားကြီးစွာဖြင့် လွှတ်ပေးလိုက်တယ် ဆိုတာမျိုးလည်း ဖြစ်လာနိုင်တယ်ဘာမှအတိအကျပြောလို့ မရဘူး” ဟု ရန်ကုန်မြို့ မှ ဒလမြို့နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက Freedom News Group ကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးထောင်ချဖို့ တရားစွဲ ဆိုတာ နဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂ ၊
ထိုင်းနိုင်ငံ၊မလေးရှား ၊ဖိလစ်ပိုင် စတဲ့ ဒေသတွင်း နိုင်ငံတွေ ကပါ ပစ်တင်ဝေဖန် ရုံသာမက အမေရိကန် ၊အင်္ဂလန် စတဲ့ နိုင်ငံတွေ ကလည်းအပြင်းအထန် ကန့် ကွက်မှု တွေလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ခေါင်းမာလှတဲ့ မြန်မာ စစ်ခေါင်းဆောင် တွေကို ပြည်ပကနေ ရှုံချရုံ ကန့် ကွက်ရုံနဲ့ 
ပြောင်းလဲသွာမှမဟုတ်ဘူး အာဏာရှင်တွေ ကိုဖြုတ်ချရာမှာ အဓိက ကျလှတဲ့ People Power
ကိုအားကိုးရမှာ ဖြစ်ကြောင်းနဲ့ ပတ်သက်ပြီး အနောက်ပိုင်း တက္ကသိုလ် မှ ဆရာတစ်ဦးက
“မြန်မာနိုင်ငံမှာ ဘယ်လောက်ထိအောင် မမျှတမှုတွေ ဖြစ်နေလဲဆိုတာ ရဲ့ အထင်ရှားဆုံးအဖြစ်အပျက်ပဲ ဒီမှာစကားပုံလေး တစ်ခုကိုသတိရမိတယ်နာဇီဂျာမဏီ
ခောတ်ကပေါ့ ဘာလဲဆိုတော့ …(ဂျူးတွေကိုလာ ခေါ်တာပဲလေ
ငါတို့ မှ မဟုတ်တာ ငါတို့နဲ့ မဆိုင်ဘူးလေ ငါတို့ ကဂျူး မှ မဟုတ်တာ နောက်ကျတော့ မှ….အော်
ငါတို့ ကိုလည်းလာခေါ်ပြီဆိုတာ မျိုးပေါ့)
ဒီစကားပုံလိုပဲ မြန်မာလူမျိုးတွေ အနေနဲ့ ဒေါ်စု ကိုခေါ်သွားတာပဲလေ ငါတို့ မှမပါတာ ဆိုပြီးနေလို့ မရဘူး ဒေါ်စုပြီးရင် ခင်ဗျားတို့ ကို ခေါ်မှာ ဒါကို ခေါင်းထဲမှာ မှတ်ထားကျ ”လို့ သူက ပြောပါတယ်
ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုရန် အတွက် အင်းစိန်ထောင်တွင်းထိန်းသိမ်းထားခြင်းကို
ပြည်သူတွေ ရဲ့ စိတ်ထဲမှာ ဘယ်လိုရှိသလဲ ဘာတွေဆက်ဖြစ်နိုင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး “ကျွန်တော်က ဗေဒင်ဟော သလိုဘာဖြစ်မယ် ညာဖြစ်မယ် နဲ့ မျိုးပြောလို့ တော့မကောင်းဘူး ဒါပေမယ့် နအဖ အသွားမတော် တစ်လှမ်းပေါ့ဗျာ ”လို့  ယနေ့ မြန်မာ နိုင်ငံရေးအခြေအနေ ကို
ခန့် မှန်းပြောဆိုပါတယ်။
မန္တလေး မြို့ က အင်တာနက် ကဖေးဖွင့်ထားသူ တစ်ဦးက တော့ “ဒေါ်စု သတင်းသိချင်လို့ အင်
တာနက် မှာ ရှာပေးပါ ဆိုပြီး လာကြတာ မသုံးတတ်တဲ့လူကြီးတွေ တောင်ပါတယ် အဲဒါ မနေ့ က
ဒီနေ့ ကျတော့ သတင်းသိချင်ရုံတင် မဟုတ်တော့ ဘူး ဒေါ်စုကို ထောင်ချတဲ့သတင်းကြားရင် ချက်ခြင်း အကြောင်းကြားပါ ရေဒီယို ကနောက်ကျလို့ ဆိုပြီးဖုံးနံပါတ် ပါပေးသွားသေးတယ် ဘာ ဆက်ဖြစ်လာ နိုင်တယ်ဆိုတာ ကတော့ စဉ်းစားကြည့်လေ “လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သတင်းနဲ့ ပတ်သက်ပြီးပြည်တွင်းမီဒီယာတွေ က ပြည်သူတွေ စိတ်ဝင်
စားနေပေမယ့် ဖေါ်ပြခွင့်မရတာကြောင့် ဒေါ်စုကို ဖမ်းဆီးထောင်ထဲပို့ ရုံမဟုတ်ဘူးမြန်မာနိုင်ငံ
မှာ သတင်းလွတ်လပ် ခွင့် လုံးဝ ဆိတ်သုံးတယ် ဆိုတာ ကိုပါ တစ်ဆက်တည်းပြလိုက်တာပဲ ဟု
ဝါရင့်သတင်းစာဆရာ တစ်ဦးကထောက်ပြပါတယ်။
