၁၅ မေ ရန်ကုန်၊ ၊ယူကွန်
Lay Phyu (Iron Cross) Reschedule Myanmar National League Kick Off

မနက်ဖြန် တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ(MNL Cup Grand Royal 2009 )အတွက် လုံခြုံရေးအထူးတင်းကျပ်ထားကြောင်းသိရှိရသည်။ကွင်းဖွင့်ပွဲ
တွင် နေ့တွင်မူလက အဆိုတော် လေးဖြူနှင့် အတူ Iron Cross အဖွဲ့ မှ ဖျော်ဖြေရန်စီစဉ် ထားသော်လည်း ပွဲကျင်းပရန် နှစ်ရက်အလိုတွင် ရန်ကုန်တိုင်းတိုင်းမှုး၏ အမိန့်အရ စိုင်းစိုင်းခမ်းလှိုင် နှင့် R ဇာနည် တို့ နှင့် အတူ DJ သော်သော် တို့ ၏ အစီအစဉ်နှင့်ပြောင်းလဲ
လိုက်သည် ဟု သတင်းရရှိသည်။
ကွင်းဖွင့်ပွဲနေ့ တွင် ရန်ကုန်ယူနိုက်တက်ကလပ်အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့ ယှဉ်ပြိုင်ကစားကျမည်ဖြစ်သည်။ ကွင်းဖွင့်ပွဲ အစီအစဉ်ပြောင်းလဲရခြင်းနှင့် ပတ်သက်ပြီး ကွင်းဖွင့်ပွဲတွင်ပါဝင်သီဆိုမည့်အဆိုတော် တစ်ဦးက “ကိုလေး(လေးဖြူ) တို့ ဆိုလူအရမ်းလာမယ်လေ၊လူတွေက ဘောလုံးပွဲထက်IC ပွဲကြည့်ချင်တာ အန်တီစု ကိစ္စကလဲ ရှိသေးတော့ လူတွေများပြီးထိန်းလို့ ရမှာမဟုတ်ဘူး ဆိုပြီး တိုင်းမှုးအမိန့်နဲ့ ကိုလေးဖြူတို့ ကိုမဆိုခိုင်းတာလို့ ပြောတယ် ”ဟု Freedom News Group သို့ပြောသည်။
ကွင်းဖွင့်ပွဲနေ့ အတွက်လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး ယနေ့ ညနေ ကတည်းကသုဝဏ္ဏ
အားကစား ကွင်းတွင် လုံထိန်းရဲကားများ ၊စစ်ဒေသကားများ နှင့် ရဲအချုပ်ကားငါးစီးထက်မနည်း
ရောက်ရှိနေသည်။ ထိုပွဲသို့  ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၏မြေး ဖြစ်သူ နေရွှေသွေးအောင် လာရောက်ကြည့်ရှုမည် ဟု သတင်းထွက်ပေါ်နေပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လည်း တက်ရောက်မည်ဖြစ်သည်။
ဖွင့်ပွဲနေ့ တွင် ရန်ကုန်ယူနိုက်တက် ကလပ်အသင်းပိုင်ရှင် ဦးတေဇ က ကံစမ်းမဲဖောက်ပေးအုံးမည်ဆို၍ ပရိသတ်က စိတ်ဝင်စားနေကြသည်။ကွင်းဖွင့်ပွဲအတွက် ၀င် ကြေးမှာ အထူးတန်း ၁၀၀၀ကျပ်ရိုးရိုးတန်း ၅၀၀ ကျပ်ဖြစ်သည်။မူလက လေးဖြူ နှင့် အတူ အိုင်စီအဖွဲ့ မှ အခြားအဆိုတော်များ ၏သီဆိုမှု မှာ ဘောလုံးပွဲမစခင် နေ့ လည် ၂ နာရီမှ လေးနာရီထိ ဖျော်ဖြေမည် ဟု အပတ်စဉ်ထုတ်ဂျာနယ်များတွင် ဖေါ်ပြထားပြီးဖြစ်သည်။
မြန်မာ စစ်အစိုးရမှာ မြန်မာလိဂ်ကွင်းဖွင့်ပွဲ ရက်ကိုပင်ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ များကြောင့် ပြောင်းလဲရန် အကြံရှိသော် လည်း ကလပ်အသင်းပိုင်ရှိင်များ နှင့် MFF ကတစုံတရာပြဿနာ မပေါ်စေရပါဘူးဟု ခံဝန်ချက်ကြောင့် ကျင်းပခွင့်ပြုခြင်း
ဖြစ်သည် ဟုသိရသည်။
