၁၆ မေ မြ၀တီ၊ ၊စောမူးဂေး
Breakaway Group Distribute Leaflet Criticize on KNU

ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ ကရင် လွတ်မြောက်ရေးတပ်မတော်(KNLA)မှ၂၀၀ရ ခုနှစ်က
ခွဲထွက်သွားခဲ့သည့် စောဌေးမောင် ဦးဆောင်သည့်ကေအန်ယူ/ကေအန်
အယ်လ်အေငြိမ်းချမ်းရေးကောင်စီ် အဖွဲ့ မှ မြ၀တီ ဖားအံ နှင့် ကော့ကရိတ်တွင် ကရင်အမျိုးသားအစည်းအရုံးနှင့်
ခေါင်းဆောင်ပိုင်းများအား ဝေဖန်တိုက်ခိုက်ထားသည့် လက်ကမ်းစာစောင်များယနေ့ ဝေငှနေကြောင်းသတင်းရရှိသည်။
ထိုင်း-မြန်မာနယ်စပ်မြ၀တီ မြို့ တွင် ယနေ့ နေ့ လည် ၁နာရီခန့် က ထိုစာရွက်များကို ထိုင်းနိုင်ငံ မဲဆောက်ဖက်သွားမည့် ချစ်ကြည်ရေးတတာံးအနီး နှင့် ဒီကေဘီအေ ဂိတ်များတွင် ဝေငှခဲ့ သည်။
ငြိမ်းချမ်းရေး ကောင်စီက ယခုကဲ့သို့  စာရွက်ဝေခြင်းကို မြ၀တီ အာဏာပိုင်များက အနှောင့်အယှက် မပေးဟုသိရသည်။မဲဆောက်-မြ၀တီ နှင့် ရန်ကုန် သို့ ကုန်စည် ပို့ ဆောင်နေသူ
တစ်ဦးက “ကျွန်တော်က ဘီယာဆိုင်ကြော်ငြာအောင့်မေ့ လို့  ယူကြည်လိုက်တော့မှ KNU ကိုဝေဖန်ရေးသားထားတာတွေ ဖြစ်နေတယ်။ကျွန်တော် က နိုင်ငံရေးသိပ်မသိတော့ ၊သူတို့ ကွယ်သွားတာ နဲ့ လွှတ်ပစ်လိုက်ရော ”ဟုFreedom News Group သို့ ပြောသည်။
ယခုကဲ့သို ကရင်အမျိုးသားအစည်းအရုံးကြား ပြိုကွဲအောင်လုပ်ကြံထားသည့် စာရွက်များဖြန့် ဝေမှု
သည် နောက်ကွယ်မှ မြန်မာ စစ်အစိုး၏ အတင်းအကျပ်စေခိုင်းမှုများကြောင့် သာဖြစ်နိုင်ကြောင်း
ထိုင်း-မြန်မာ အခြေစိုက်မြန်မာ အရေးလှုပ်ရှားသူ တစ်ဦးက သုံးသပ်သည်။ှကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော် လက်ချက်ဖြင့် စစ်အစိုးရ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှုးချုပ်
ကောင်းမြတ်ကျဆုံးခဲ့ခြင်းကြောင့် နအဖ မှ စိတ်ဓာတ်စစ်ဆင်ရေးဝါဒဖြန့် လက်တုံ့ ပြန်ခြင်းဖြစ်
သည် ဟု မြ၀တီ ဒေသခံ တို့ ကပြောသည်။
ကရင်အမျိုးသားအစည်းအရုံးကိုပစ်တင်ဝေဖန်ထားသည့် စာများကို ဖားအံ နှင့် ကော့ကရိတ်တွင်
လည်း ကရင် ငြိမ်းချမ်းရေးကောင်စီက အများပြည်သူများကို လိုက်လံဝေငှသည် ဟုသိရသည်။
