၁၆ မေ ရန်ကုန်၊ ၊ယူကွန်
Aung San Suu Kyi’s Primary Physician Tin Myo Win Release Late Saturday
မေလ ရ ရက်ကြာသပေတေးနေ့ ညနေ ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို ယနေ့ စနေနေ့ ည ရ နာရီခန့်တွင် ဖမ်းဆီးထိန်း
သိမ်းထားရာမှ ပြန်လည်လွှတ်ပေးလိုက်ပြီး လမ်း၅၀ နေအိမ်သို ပြန်လည်ရောက်ရှိနေပြီဟုသိရ
သည်။
ကြာသပေးနေ့ က ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ရုံးထုတ်လိမ့်မည်ဟု အများက တွက်ဆထား
သော်လည်း ဒေါက်တာတင်မျိုးဝင်း ပါရှိမလာခြင်းကြောင့် စစ်ကြောရေးစခန်းတွင် အပြင်းအထန် နှိပ်
စက်ခြင်းခံနေရသည် ဟု အများကယူဆကြသည်။ဒေါက်တာတင်မျိုးဝင်းသည် ကျန်းကျန်းမာမာဖြင့်
ပင်ပြန်လည်လွတ်မြောက်လာသည် ဟု NLD အဖွဲ့ ဝင်တစ်ဦးက Freedom News Group သို့ ပြောသည်။
ဒေါက်တာတင်မျိုးဝင်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။ဒေါ်စုအိမ်သို့ ရေကူးလာ
သည်ဆိုသော အမေရိကန် နိုင်ငံသားဂျွန်ဝီလျှံ ယက်ထော အားဖမ်းဆီးထားသည် ဟုသတင်းထွက်
ပေါ်သည့် နေ့ မှာပင် ဒေါက်တာတင်မျိုးဝင်းအားဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။
