မူးယစ်ဆေးဝါးဂိုဏ်းသားများက ရဲအယောင်ဆောင်၍ ထောင်တွင်းမှဂိုဏ်းခေါင်ဆောင်နှင့် အဖွဲ့ဝင်များကိုကယ်ထုတ်

၁၇ မေ မက္ကဆီကို၊                  ၊အယ်အေတိုင်မ်း

Mexican drug gang frees 53 in raid at Cieneguillas jail

စစ်ဆင်ရေးအတွင်း မူးယစ်ရာဇာ(Cartel)တစ်ဦးဆီမှသိမ်းဆည်းရမိသည့် ရွှေဖြင့်ပြုလုပ်ထားသည့် ပစ္စတို
စစ်ဆင်ရေးအတွင်း မူးယစ်ရာဇာ(Cartel)တစ်ဦးဆီမှသိမ်းဆည်းရမိသည့် ရွှေဖြင့်ပြုလုပ်ထားသည့် ပစ္စတို

လက်နက်ကိုင်မက္ကဆီကန်မူးယစ်ဆေးဝါးဂိုဏ်းသားများက ရဲဝတ်စုံများဝတ်ဆင်လျှက် အထူးရဲတပ်ဖွဲ့ ဝင်များအယောင်ဆောင်ကာစီနီဂူလပ်(စ်)အကျဉ်းထောင်တွင်းမှဂိုဏ်းခေါင်
ဆောင်အပါအ၀င် အယောက် ၅၀ကျော်ကိုယနေ့ အာရုံတက်ချိန်တွင် ကယ်ထုတ် သွားခဲ့သည် ဟု မက္ကဆီကို မှလာသော အေပီသတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။

မက္ကဆီကို တွင်ဧပြီ နှင့် မေလ အတွင်းကပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးဂိုဏ်းများနှိမ်နှင်းသည့် စစ်ဆင်ရေးတွက် Cartel ဟုခေါ်သည့် ဂိုဏ်းခေါင်းဆောင်များအပါအ၀င် ဂိုဏ်းသားအများအပြားကိုဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်။

မက္ကဆီကို နိုင်ငံအလယ်ပိုင်းရှိ ဇာကာတီကာ မြို့ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသောမူးယစ်ရာဇာများအား ဗဟိုရဲတပ်ဖွဲ့ ဝင်အယောင်ဆောင်ထားသည့် လက်နက်ကိုင်လူဆိုးများက ရဲအရာရှိ အယောင်ဆောင်၍ လက်နက်အပြည့်အစုံတပ်ဆင်ထား
သောမော်တော်ကား ၁၅ စီးရဟတ်ယာဉ် တစ်စီးတို့ နှင့်ရောက်ရှိလာကြပြီးအကျဉ်းထောင် အာဏာပိုင်များကိုထောင်ပြောင်းမည် ဟု ပြောကာ ခေါ်ထုတ်သွားခြင်းဖြစ်သည်။

သိမ်းဆည်းရမိသည့် လက်နက်များ
သိမ်းဆည်းရမိသည့် လက်နက်များ

အကျဉ်းထောင်အာဏာပိုင်မှ လည်း ၎င်းထက်အာဏာပိုရှိသည့် ဗဟိုရဲတပ်ဖွဲ့ ဝင်များဖြစ်သောကြောင့် လွှဲပြောင်းပေးလိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။

လွတ်မြောက်သွားသည့် မူးယစ်ဂိုဏ်းဝင်များကို မက္ကဆီကို ဗဟိုအစိုးရက ပြန်လည်ဖမ်းဆီးရမိရေးအတွက် နိုင်ငံတစ်ဝှမ်းရှိစစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များပို မိုချထားပြီး ဥပဒေရှေ့မှောက်သို့ ပြန်လည်ရောက်ရှိစေရမည်ဟု မက္ကဆီကိုသမ္မတ ကာလ်ဒီရွန်ကပြောသည်။

မက္ကဆီကို၏ မူးယစ်ဂိုဏ်းများအား နှိမ်နှင်းသည့် စစ်ဆင်ရေးတွင် အနည်းဆုံး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု တွင်ပါဝင်ပတ်သက်သည့် ဂိုဏ်းသား ၃၀၀ ကျော်အားဖမ်းဆီးမိပြီး ၎င်းတို့ နှင့်အတူခောတ်မှီဆက်သွယ်ရေးပစ္စည်းများနှင့် လက်နက် မျိုးစုံ တို့ ကိုသိမ်းဆည်းရမိသည် ။