၁၇ မေ ရန်ကုန်၊ ၊စနေငချွတ်
Police readied barricades and tightened security outside the Insein Prison

နိုင်ငံရေးလှုပ်ရှား တက်ကြွသူများကိုဖမ်းဆီးထိန်းသိမ်းရာ ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တစ်ဝိုက်
တွင် တနင်္ဂနွေနေ့ မှစ၍ သံဆူးကြိုးအကာအရံများကို ချထားပြီးလုံခြုံရေးအင်အား တိုးမြှင့်ချထား
လိုက်သည်။
တနင်္ဂနွေ နေ့ ညနေ ၆ နာရီခန့် တွင် အင်းစိန်ထောင် ရှေ့တစ်ဝိုက်တွင် လုံထိန်း ရဲကားအစီးနှစ်ဆယ်ထက်မနည်းချထားပြီး အချုပ်ကားနှစ်စီး နှင့်စစ်တပ်မှ ဆက်သွယ်ရေး
စကားပြောစက် တပ်ဆင်ထားသည့် မော်တော်ကား နှစ်စီးအသင့်နေရာယူထားကြသည်။
အကြမ်းဖက် စွမ်းအားရှင်များအသုံးပြုသည့် ချောဆွဲထားသော ခရီးသည်တင် ဒိုင်နာကားများလည်းရောက်ရှိနေပြီး အကြမ်းဖက်စွမ်းအားရှင် များကို ပေါ်ပေါ်ထင်ထင် တွေ့ ရခြင်းမရှိသေးချေ။
မနက်ဖြန် မေလ ၁၈ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် အား အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် အထူးတရားရုံး၌ ကြာသပေးတေး နေ့ က သူမကိုတရားစွဲဆိုထားသော အမှုကို စစ်ဆေးမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အားမေလ ၁၄ ရက်နေ့ ကတည်းက အကျယ်ချုပ်ချထားရာ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှ အင်းစိန်ထောင်သို့ မြန်မာစစ်အစိုးရက ပြောင်းရွှေ့
ချုပ်နှောင်ထားသည်။ဒေါ်အောင်ဆန်းစုကြည်အား အမှုလိုက်ပေးမည့် ရှေ့နေ တစ်ဦးအား မြန်မာ့ စစ်အစိုးရမှ ရှေ့နေ လိုက်ခွင့် လိုင်စင်ရုပ်သိမ်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အားထောင်ဒဏ်ချမှတ် ခဲ့ပါက လူထု၏ ဒေါသသည်ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး ပေါက်ကွဲ ထွက်လာမည် ဟု အင်းစိန် ဈေးမှ ဈေးသည် တစ်ဦးက Freedom News Groupသို့ ပြောသည်။
ရန်ကုန်မြို့ ရှိလူစည်ကားရာ လမ်းဆုံလမ်းခွ တိုင်းတွင် လည်းရဲကားများချထားသည် ကိုတွေ့ ရသည်။
