၁၈ မေ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း ။ ယူကွန်
Insein Prison Guard Becomes Daw Suu Sympathizers

အင်းစိန်အကျဉ်းထောင်မှအကျဉ်းဦးစီးဌာန၀န်ထမ်းများနှင့်မိသားစုများဝန်ထမ်းအိမ်ရာများမှ
တစ်ဆင့် ထောင် အပြင်သို့ ထွက်လျှင် သက်ဆိုင်ရာ ဂိတ်မှ ထောင်မှုးကို သတင်းပို့ ပြီး
အဆိုပါထောင်မှုးမှခွင့်ပြုချက်ရမှ ထွက်ရမည် ဟု ရန်ကုန်တိုင်းထောင်အုပ်စုညွှန်ကြားရေးမှုးက
အမိန့် .နေ့ ညနေတွင် အမိန့် ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားသည့် နေရာသို့ ထောင်ပိုင် ပင် ကပ်ခွင့်မရှိပဲ ထောက်လှမ်းရေးများကသာ အကစ ယူနီဖေါင်းဝတ်၍ စောင့်ကြပ်နေသည် ဟုသိရသည်။
အကျဉ်းဦးစီဌာန ၀န်ထမ်းမိသားစု တစ်ဦးက “ထောင်ထဲမှာ ထောက်လှမ်းရေးတွေ ခြေရှုပ်နေတာပဲ သူတို့ ကျတော့ ထွက်လိုက်ဝင်လိုက်နဲ့  ကျွန်မတို့ ကြတော့ ထောင်ကျသလို နေရမယ်တဲ့ ဒီအမိန့် လဲသူတို့ ပဲ ထုတ်တာ”ဟု Freedom News Group သို့ ပြောသည်။
အင်းစိန်ထောင်ရှိ အကစ ၀န်ထမ်းများမှာ လည်း ၎င်းတို့ တာဝန်ချိန်ပြီးဆုံးလည်းထောင်ပြင်သို့ ခွင့်ပြုချက်မရဘဲမထွက် ရန်ညွှန်ကြားထားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ထောင်မကျပါစေ နှင့်ဟုသာ ဆုတောင်းနေရသည် ဟုဆိုသည်။
အင်းစိန်ထောင်ထဲရှိ သီးသန့် ထောင်တွင် ထောက်လှမ်းရေး နှင့် သတင်းတပ်ဖွဲ့ ကရုံးထိုင်လျှက် ရှိပြီးဒေါ်အောင်ဆန်းစုကြည် ၏ အခြေအနေ နှင့်ပတ်သက်ပြီး အထက်သို့ အစီရင်ခံရသည် ဟု ထိုဝန်ထမ်းကပြောသည်။
အကျဉ်းဦးစီးဌာန ထောင်မှုးနှင့် ထောင်ပိုင်များက ၀န်ထမ်းများအား ထောင်တွင်းသတင်းကို ထောင်ပြင်မပို့ ရန် နှင့် ထောင်ပြင်သတင်းကို ထောင်တွင်းမပို့ ရန် ညွှန်ကြားထားသော်လည်း ၎င်းတို့ ကိုတိုင်လိုက်နာမှု မရှိဟု သိရသည်။အင်းစိန်ထောင်တွင်းရှိ အကျဉ်းသားများအိပ်ချိန်
ကို ယခင်က ည ကိုးနာရီ သတ်မှတ်ထားသော်လည်း တနင်္လာနေ့ မှစ၍ ည၈ နာရီသို့ ပြောင်းလဲ
သတ်မှတ်ထားသည်။
နိုင်ငံရေးအကျဉ်းသားများအားထိန်းသိမ်းထားရာ တိုက်ဝန်းထဲတွင်မူ ၀န်ထမ်းအင်အားပိုမိုချထား
သည်။ထောင်ဝင်စာလာ တွေ့ သူများကို လည်း အကစ ၀န်ထမ်းများမှ အထူးဂရုစိုက်၍ ရှာဖွေ စစ်ဆေးသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် အားရုံးထုတ်ရာသို့ သူမအားထောက်ခံသူများ က လမ်းများကို ပိတ်ဆို့ထားသော် လည်း အင်းစိန် ထောင်ရှေ့သို့ အရောက်လာခဲ့ကြသည်။
နယ်မြို့များမှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ များလည်း ရန်ကုန်မြို့ သို့ ဆင်းလာပြီးဟု
သတင်းရရှိသည်။
