အင်းစိန်ထောင်ရှေ့သို့ လူအုပ်က တဖြည်းဖြည်းချဉ်းကပ်လာ လုံထိန်းရဲတို့ အသင့်နေရာယူ၊ယနေ့ အချုပ်ထောင်ဝင်စာများတွေ့ခွင့်မပေး

၁၈ မေ ရန်ကုန်၊                      ၊ဟိန်းခိုင်ထွန်း

Aung San Suu Kyi Supporters Gathers The Gate of Insein Jail
One of Aung San Suu Kyi ‘s Supporter Arrests

အင်းစိန်မြို့ထဲတွင် ယနေ့ မနက် အစောပိုင်းကတည်းက လမ်းမီးများအသင့်ထွန်ညှိထားသည်ကိုတွေ့ရသည်
အင်းစိန်မြို့ထဲတွင် ယနေ့ မနက် အစောပိုင်းကတည်းက လမ်းမီးများအသင့်ထွန်ညှိထား သည်ကိုတွေ့ရသည်

ဒေါ်အောင်အောင်ဆန်းစုကြည်အားအမှုစစ်ဆေးမည့် မေလ၁၈ ရက်မနက်လင်းအားကြီးအချိန်တွင်
အင်းစိန်ထောင်ရှေ့လမ်းမကို လည်းပိတ်ထားလိုက်ပြီး ဘိုကုန်း မှတ်တိုင်မှ စီအိုင်ဒီ အကျော်ထိ အင်းစိန်လမ်းမကိုလည်းပိတ်ဆို့ ထားလိုက်သဖြင့်ဒေါ်အောင်ဆန်းစုကြည် အားထောက်ခံသည့်လူအုပ်ကြီးသည် လမ်းကြိုလမ်းကြားများမှာတစ်ဆင့် အင်းစိန်ထောင်ရှေ့သို့ ချဉ်းကပ်လာခဲ့ရသည်။

ယနေ့ မနက်အစောပိုင်းကတည်းက ရန်ကုန်မြို့တွင် အင်တာနက်လိုင်းနှင့်မိုဘိုင်းဖုန်းလိုင်းများ
ကိုဖြတ်တောက်ထားပြီး လုံထိန်းနှင့် စစ်သားများက ပိတ်ထားသောထောင်ရှေ့လမ်းမတွင် အသင့်နေ
ရာယူထားကြသည်။ရွှေပြည်သာ မြို့နယ်မှာ အဖွဲ့ ချုပ်အဖွဲ့ ဝင်လူငယ်

တစ်ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းသွားသည် ။
အင်းစိန်ထောင်အနီးတ၀ိုက်ရှိ အင်တာနက်ကဖီးဆိုင်များကို အာဏာပိုင်များက ပိတ်ခိုင်းထားပြီးအ
ချို့ဆိုင်ရှင်များကမူ လျို့ ဝှက်၍ဖွင့်ကြသည်။ထောင်ရှေ့တွင် ဓာတ်ပုံရိုက်သူများကို ထောက်လှမ်းရေး
ကမှတ်တမ်းတင်သော ကြောင့် ဂျာနယ်လစ်များက ခိုးဝှက် ၍ရိုက်ကူးရသည်။

ယနေ့ မနက်အစောပိုင်းကတည်းက အင်းစိန်မြို့တွင်းရှိလမ်းမီးများအားလုံးကို ထွန်းညှိထားသည်။ယနေ့ မနက် ၁၀ နာရီခန့် တွင် အင်းစိန်ထောင်ရှေ့သို နိုင်ငံခြားသံရုံးများမှ မော်တော်ကားများလည်းရောက်ရှိလာပြီးသံ အမတ် တချို့ လည်းရောက်ရှိလာသည်။

ယနေ့ အင်းစိန်ထောင်သို့ အချုပ်ထောင်ဝင်စာ လာရောက်တွေ့ ဆုံသူများကို တွေ့ ခွင့်မပေးဟုသိရသည်။အောင်ဇေယျ တံတားအဆင်း တွင်မူ ထောင်ရှေ့သို့ လာရောက်သည့် လူအုပ်
ကြီး နှင့် ရဲတို့ အခြေအတင်ဖြစ်နေကြသည်။