၁၈ မေ ရန်ကုန်၊ ၊စနေငချွတ်
FourAung San Suu Kyi’s Supporters Arrests First Day of Quiet Against Trial
်

ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုထားသော အမှုကိုမနက်ဖြန်မနက်၁၀နာရီတွင်
ထပ်မံစစ်ဆေးရန် အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးမှရုံးချိန်းထပ်မံပေးလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် အမှုအား ယနေ့ အင်းစိန်ထောင်တွင်းစစ်ဆေးနေစဉ်အတွင်း ထောင်အပြင်တွင် သူမအားထောက်ခံသူရာပေါင်းများစွာက ငြိမ်သက်ငြိမ်းချမ်းစွာ ဖြင့်ထိုင်သပိတ်တိုက်ပွဲဆင်နွဲခဲ့ကြသည်။သူမအားထောက်ခံသူလူငယ်များနှင့်အတူ ဦးဝင်းတင်လည်းအတူရှိနေခဲ့သည်။
မနက် ၁၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် အထူးတရားရုံးဉ် ရုံးထုတ်ကာ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့်တရားစွဲဆိုပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူနေသော ဒေါ်ခင်ဝင်းနှင့် သမီးဖြစ်သူတို့ ကိုလည်း၎င်း အမှုကိုအားပေးကူညီမှု ဖြင့်တရားစွဲဆို ထားသည့် အမှုကို ယနေ့ စတင်စစ်ဆေးခြင်းဖြစ်သည်။
ယနေ့ အင်းစိန်ထောင်ရှေ့ငြိမ်းချမ်းစွာဆန္ဒပြမှု တွင် ရွှေပြည်သာ မြို့နယ် အဖွဲ့ ချုပ်အဖွဲ့ ဝင်လူငယ်နှစ်ဦးကို ဖဲကြိုးနက်များ ဝေငှမှုဖြင့် ဖမ်းဆီးလိုက်ပြီး အခြားနှစ်ဦး ကိုမူ ပိတ်စအနီများ နှင့်ဆေးစုတ်တံများရှာဖွေ တွေ့ ရှိမှုဖြင့်ဖမ်းဆီးထားသည်။
ယနေ့ အင်းစိန်ထောင် တစ်ဝိုက်သာ မက ရန်ကုန်မြို့ ရှိလူစည်ကားရာနေရာများတွင် လုံခြုံရေးအထူးတင်းကျပ်ထားပြီး လမ်းဆုံလမ်းခွ တိုင်းတွင် ရဲလုံထိန်းကားနှင့် စစ်ကားများချထားသည်။
ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆို သည့်သတင်းကို ပြည်တွင်းရှိ ဂျာနယ်များတွင် ဖေါ်ပြခွင့်မရသလို တရားစီရင်မှု ကို အများပြည်သူကြည့်ရှု ခွင့်မပြုကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား အပြစ်မရှိဘဲတရားစွဲဆို ထားခြင်းအတွက် နိုင်ငံတကာရောက် မြန်မာများက ထိုနိုင်ငံများရှိ မြန်မာသံရုံးများရှေ့တွင်ဆန္ဒပြကြသည်။
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အားရုံးထုတ် ချိန်တွင် အင်းစိန်မြို့ နယ်တွင်းရှိလိုင်းဖုန်းများနှင့် မိုဘိုင်းဖုန်းလိုင်းများအား ဖြတ်တောက်ထားသည်။
ဒေါ်အောင်ဆန်းစု ကြည်၏ အမှုအား စစ်အစိုးရမှ အချိန်ဆွဲ ၍ စစ်ဆေးပြီး အချိန်ကြာမြင့်လာ
သည် နှင့်အမျှ ပြည်သူ လူထု ၏ အာရုံစိုက်မှု လျှော့ ကျအောင်လုပ်နိုင်သည် ဟု အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် လူငယ် တစ်ဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆိုသော သတင်းအား မြန်မာစစ်အစိုးရ မီဒီယာများတွင်
ဖေါ်ပြခြင်းမရှိသည့် အတွက် ပြည်သူများက ရေဒီယို နားထောင်၍ ၎င်း အင်တာနက် ဆိုင်များ
တွင်သွားရောက် ကြည့်ရှု၍ ၎င်း စုံစမ်းသတင်းရယူရသည်။

than shwe mother fucker rape
min may loe gyi than shwe porn ta koe dog gyi min ta mii ko lee nat loe mal