ည ဆယ်နာရီကျော်လျှင် အောက်ဆိုက်ကား၊ကြားကားများ ပြေးဆွဲခွင့်မပြုတော့

၁၉ မေ ရန်ကုန်၊               ၊ယူကွန်

Rangoon Midnight Commuter Is Not Given Permission

ရန်ကုန်မြို့ ရှိ လူစည်ကားရာဆူလေကားဂိတ်
ရန်ကုန်မြို့ ရှိ လူစည်ကားရာဆူလေကားဂိတ်

ဆူးလေ မှတ်တိုင်ရှိ အင်းစိန် နှင့် မြောက်ဥက္ကလာ ပသို့ ပြေးဆွဲရာ ကြားကားများအား ညဆယ်နာရီကျော်လျှင် ပြေးဆွဲ ခွင့် မပြု တော့ ဟု သတင်းရရှိသည်။ညဆယ်နာရီ ကျော်လျှင် ရန်ကုန်မြို့ တွင်း၌
စစ်ဆေးရေးဂိတ်များချထားပြီးဖောက်ခွဲရေးသမားများ
ဝင်ရောက်နေသည် ဟုသော အကြောင်းပြ
ချက်ဖြင့် စစ်ဆေးရေးဂိတ် များချထားက ရဲ၊ကြံ့ဖွတ် ၊အရံမီးသတ် တို့ ပါဝင်သည့် အဖွဲ့ မော်တော်ကား
များကို ရပ်တန့်၍ ရှာဖွေ နေကြသည်။

ယခင်က ညဆယ်နာရီ ကျော်လျှင် ဆူးလေ ဂိတ် ၌ လိုင်းကားများမရှိတော့ပဲ ကြားကားများက အင်းစိန် ၃၀၀ ၊မြောက်ဥက္ကလာ(ခြောက်ကွေ့ ) ၃၀၀ဖြင့်ပြေးဆွဲပေးသည်။ ငွေကြေးတတ်နိုင်သူများကမူ တစ်ယောက် ၁၀၀၀ ဖြင့်စုပေါင်းစီးရသည့် တက္ကစီ များရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုသည့် ဒုတိယနေ့မြောက်ည တွင်မူ ဆူးလေကားဂိတ်သို့ စစ်
သား နှင့် ကျောက်တံတားရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင် အချို့ က ပြန်လည်ခွင့်မပြုမခြင်း ပြေးဆွဲခြင်းမပြုရန်
လာရောက်ပြောဆို သောကြောင့် ကြားကားမောင်းသူများက ခရီးသည် မတင်ရပဲ ခါလီ ဖြင့်ပြန်ရ
သည်။

ညဘက်ကြားကားမောင်းသောသူများမှာ ၎င်းတို့ ယာဉ်ကြောတစ်လျှောက်ရှိ သက်ဆိုင်ရာမီးပွိုင့်များ
တွင် ညဘက်တာဝန်ကျသောယာဉ်ထိန်းရဲများအား ဖြတ်သန်းခွင့် လာဘ်ငွေပေးရသည်။

ညဘက်တွင် အောက်ဆိုက်ကားများမပြေးဆွဲရသည့် ကိစ္စ နှင့်ပတ်သက်၍ “ကျွန်တော် တို့ က စတိုး
ဆိုင်မှာလုပ်တာ ဆယ်နာရီမှ ဆိုင်ပိတ်တာ ဆိုတော့ ကြားကားနဲ့ ပဲပြန်လို့ ရတယ် အခုကြားကားတွေ
မရှိတော့ဘူး ဆိုတော့ အတော်ဒုက္ခ ရောက်တယ် ”ဟု စတိုးဆိုင် ၀န်ထမ်းတစ်ဦးကFreedom News Group သို့ ပြောသည်။

အင်းစိန်နှင့် မြောက်ဥက္ကလာ ပြေးဆွဲသည့်ကြားကားများကို ပြေးဆွဲခွင့် မပြုသော်လည်း ပန်းဆိုး
တန်းဂိတ်ရှိ သာကေတ ကြားကားများမှာ မူပြေးဆွဲခွင့်ရနေသေးသည်။

ဒေါ်အောင်ဆန်းစုကြည် အား စ၍ ရုံးတင်စစ်ဆေး နေ သည့် နေ့မှ စ၍ ရန်ကုန်မြို့ တွင်ညဘက်၌ တိတ်ဆိတ် ခြောက်ကပ်လျှက်ရှိသည်။