အင်းစိန်မြို့ နယ်ထဲရှိကရင်လူမျိုးများလည်း ဒေါ်စုလွတ်မြောက်ရေးအတွက်ထိုင်သပိတ် အဖွဲ့ နှင့်ပူးပေါင်း၊ရဲများက တစ်ထောင်ကျပ်ပေးလျှင် ထောင်အရှေ့သို့ သွားသည့်လမ်းညွှန်ပြ

၁၉ မေ ရန်ကုန်၊                ၊ယူကွန်

Residents helps Aung San Suu Kyi Suppoeters

အင်းစိန်ထောင်ရှေ့ရှိထိုင်ကြသူများ ဓာတ်ပုံ-ရိုက်တာ
အင်းစိန်ထောင်ရှေ့ရှိထိုင်ကြသူများ ဓာတ်ပုံ-ရိုက်တာ

အင်းစိန်မြို့ နယ်ထဲရှိကရင် လူမျိုးအများစုမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အင်းစိန်ထောင် ရှေ့ရှိ ထိုင်သပိတ် အဖွဲ့ နှင့်လာရောက်ပူးကြကြောင်းသတင်းရရှိသည်။ဆရာကြီး
ဦးဝင်းတင်က ထောက်ခံသူများ နည်းလမ်းအသွယ်သွယ်ဖြင့်ထောင်ရှေ့ရောက်လာချိန်တွင် ထိုင်ရန်
သာပြောသည် ဟု သိရသည်။

အင်းစိန်ထောင်ရှေ့သို့ လာချင်သူများကို လုံခြုံရေးတာဝန်ချထားသော ရဲများက တစ်ထောင်ကျပ်ပေး
လျှင်လမ်းညွှန်ပေးသည် ဟု ထိုကဲ့ သို့ လာရောက်သူ တစ်ဦးက Freedom News Group သို့ ပြော
သည်။

အင်းစိန်မြို့နယ် အတွင်းရှိ ကရင်လူမျိုးများကလည်းလာချင်သူများကို လမ်းညွှန်ပေးပြီး ခေတ္တနားရန်
နှင့်လိုအပ်သည့် အကူအညီ များပေးသည်။အင်းစိန်ထောင်ရှိ ရာအင်းစိန်မြို့နယ်သည် ကရင်လူမျိုး
အများစုနေသည်။