အာဆီယံ၏ ဒေါ်စုလွှတ်ပေးရန် တောင်းဆိုမှုကြောင့် ယနေ့ ထောက်ခံသူများထောင်ရှေ့တွင်ပိုများလာ

၁၉ မေ ရန်ကုန်၊                    ၊တင်ကျော်ကျော်စိုး

Asean Calls For  Aung San Suu Kyi Releases ,Supporters Gathers Gate of Insein Prison

ယနေ့ ထုတ်သတင်းစာများတွင်ဖေါ်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုမှု သတင်း
ယနေ့ ထုတ်သတင်းစာများတွင်ဖေါ်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုမှု သတင်း

အင်းစိန်ထောင်တွင်းတရားစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အဖွဲ့ ကြီးကလွှတ်ပေးရန်တောင်းဆို မှုကြောင့်ပြည်သူများမှာ အားတက်လာပြီး ယနေ့ အင်းစိန်ထောင်ရှေ့တွင်ပိုမိုစုမိလာ နိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း ကိစ္စတိုင်းတွင်တုံဏှိဘာဝေ နေလေ့ ရှိသည့် အာဆီယံကယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန်တောင်းဆိုမှုကြောင့် ရန်ကုန်မြို့ ခံများမှာ အထူးအားတက်မိကြသည် ဟု သိရသည်။

အင်းစိန်ထောင်ရှေ့ရှိ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတစ်ဦးကမူ “ကျွန်တော် တို့ က မနေ့ ကမရောက်ဘူး ဒီနေ့ မနက် အဆီယံက ပါလွှတ်ပေးဖို့ တောင်းဆိုနေပြီပြောတာနဲ့ လာကြတာ ဒီကိုရောက်ဖို့ တစ်နာရီလောက်လမ်းလျှောက်လာ ရတယ်”ဟု Freedom News Group သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အား သူ့ ကိုတရားစွဲဆို ထားသူများနှင့် ရုံးတင်စစ်ဆေးနေသည့် သတင်းကိုယမန်နေ့ က မြန်မာ့အသံ နှင့် မြန်မာ့ ရုပ်မြင်သံကြားတွင်ထုတ်လွှင့်ခဲ့ပြီး ယနေ့ ထုတ် သတင်းစာများတွင် ဖေါ်ပြထားသဖြင့် ပြည်သူများက ပို၍ ထောက်ခံမှုရှိ နိုင်ကြောင်း သတင်းသမားတစ်ဦးကပြောသည်။

ယနေ့မနက်အစောပိုင်းကတည်းကအင်းစိန်ထောင်ရှေ့တွင်လုံခြုံရေးများပိုမိုတင်းကျပ်စွာချထားပြီး
ဦးဝင်းတင် အနီးကပ်စောင့်ကြည့် နေသည် ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက်ပြင် သစ်သမ္မတ ဆာကိုဇီ ၏ဇနီး ဖြစ်သူက လည်း တောင်းဆိုထားသည်။