ဒေါ်အောင်ဆန်းစုကြည်အား မနက်ဖြန်သို့ထပ်မံချိန်းဆို

၁၉ မေ ရန်ကုန်၊               ၊တင်ကျော်ကျော်စိုး

Third Days Of The Closed Door Trial May 2o

ပြင်သစ်နိုင်ငံပါရီမြို့ရှိနန်းတော်တွင်ချိတ်ဆွဲထားသည့်ဒေါ်အောင်ဆန်းစုကြည် ပိုစတာ ( AP Photo/ Jacques Brinon )
ပြင်သစ်နိုင်ငံပါရီမြို့ရှိနန်းတော် တွင်ချိတ်ဆွဲထားသည့်ဒေါ်အောင် ဆန်းစုကြည် ပိုစတာ ( AP Photo/ Jacques Brinon )
ပထမ တစ်ခါ ၀င်ရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုရန် ယက်ထောခြံဝင်းအတွင်း ချထားပေးခဲ့သည့် Book of Mormon အမည်ရှိ စာအုပ်(Mormon သည် အမေရိကန်အခြေစိုက် ဘာသာရေးဂိုဏ်းဖြစ်သည်။
ပထမ တစ်ခါ ၀င်ရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုရန် ယက်ထောကြီးကခြံဝင်းအတွင်း ချထားပေးခဲ့သည်ဆိုသည့် Book of Mormon အမည်ရှိ စာအုပ်(Mormon သည် အမေရိကန်အခြေစိုက် ဘာသာရေးဂိုဏ်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အမှုအားမနက်ဖြန် မနက် ၁၀ နာရီတွင် ထပ်မံစစ်ဆေးမည် ဟု သတင်းရရှိ
သည်။ဆရာကြီး ဦးဝင်းတင် နှင့် အဖွဲ့ လည်း ယနေ့ ညနေ လေးနာရီခွဲ အချိန်တွင် ထောင်ရှေ့မှ ပြန်လည် ထွက် ခွာသွားပြီး “မနက်ဖြန်ပြန်လာ အုံးမည် ဟု ”ပြောသွားသည်။

ဦးဝင်းတင်က ဒေါ်စု ဒုက္ခရောက် နေရင် ငါတို့ လည်း ဒုက္ခခံရမယ် တစ်သားတည်းရှိကြဟု ထောက်ခံသူများအားပြောသည်။

ယနေ့ ညနေလေး နာရီခန့် တွင် ရန်ကုန်မြို့ ရှိသူဌေးတစ်ဦးကစောင့်
ဆိုင်းကြသူများ အား သောက်ရေသန့် နှင့် ကြက်ဥမရွေးမုန့်များလာ
ရောက်လှုသည်။ အာဆီယံက ဒေါ်အောင်ဆန်းစုကြည်အား ပြန်
လည်လွှတ်ပေးရန် တောင်းဆိုမှု ကြောင့် ဒေါ်အောင်ဆန်းစုကြည်
အား စစ်အစိုးရ မှ အချိန်ဆွဲ ၍ အမှုစစ်နိုင်သည် ဟု သုံးသပ်ကြသော် လည်း စစ်တပ် တွင်းမှ ထိပ်တန်း ဗိုလ်ချုပ်များ အတွင်း ဒေါ်အောင်ဆန်းစုကြည် အားထပ်မံ တရား
စွဲ ဆိုခြင်းနှင့် ပတ်သက်၍ သဘောကွဲလွဲ မှုများဖြစ်ပေါ်နေ သည် ဟု သတင်းရရှိ သည်။

ဒေါ်အောာင်ဆန်းစုကြည် အားယခု ကဲ့သို့  ထပ်မံတရားစွဲဆို ဖို့ ညွှန်ကြားခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေအား စစ်တပ်ထဲတွင် “ကျားမြီးဆွဲ သန်းရွှေ ”ဟု ဝေဖန်ခံနေရသည်။

အာဆီယံက ဒေါ်အောင်ဆန်းစုကြည် အားလွှတ်ပေးရန် တောင်းဆိုမှုသည် တပ်တွင်း၌ အတော်ဂ
ယက်ရိုက်ခဲ့သည်။