၂၀ မေ နေပြည်တော်၊ ၊ညွန့်သက်ထားဦး
Top Rank Officers Blames Senior General Than Shwe ‘s Masterminding Plot of Opposition Leader Face Trial

နေပြည် တော်မှ ထိပ်တန်းအဆင့်ရှိ ဗိုလ်ချုပ်များသာမက စစ်တိုင်းမှုး အချို့ နှင့် တပ်မှုး အချို့ သည်လည်း ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနိုင်ရန် လျှို့ ဝှက်ဇာတ်လမ်းတစ်ခု ဖန်တီးခဲ့သည် ဟုယူဆရသော မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေအား ဝေဖန်ပြစ်တင် မှုများပေါ်ပေါက်နေသည်။
စစ်တပ်အရာရှိများနှင့် နီးစပ်သူများမှလာ သော သတင်းအရ ဂျွန်ဝီလျှံ ယက်ထော ကိစ္စကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ ရဲချုပ် ဗိုလ်မှုးချုပ်ခင်ရီ နှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ ကသာ ကိုင်တွယ် ၍ ဆုံးဖြတ်ခဲ့ကြသည် ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အား အင်းစိန်ထောင်တွင်းအမှုစဉ် ဖမ်းဆီး ကာ တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ နေပြည်တော်ရှိ အငြိမ်းစား စစ်အရာရှိ ညွှန်ကြားရေးမှုးတစ်ဦးက “ကြည့်လေ စစ်တပ်ကို သိပ် အရေးမပါတဲ့ နေရာတွေ မှာလောက်ပဲ စောင့်ခိုင်းထားတာ တစ်မြို့ လုံးရဲချဉ်းပဲ ဒီလို
မိန်းဥာဏ် မျိုးက လည်း ရဲကမှ ထွက်တာပါ စစ်တပ် ကတော့ မထွက် ဘူး ”ဟုပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အားဖမ်းဆီး ထောင်ချမည့် ကိစ္စကို သဘောမတူသူများတွင် အထင် ရှားဆုံးတစ်ဦးမှ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေးဖြစ်သည် ဟုနေပြည်တော်တွင် ပြောကြ
သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ အာဆီယံကပါ ပြန်လွှတ်ပေးရန်တောင်းဆို သောကြောင့်
စစ်တပ် အရာရှများကြားတွင် လည်း သဘောကွဲလွဲမှုများဖြစ်ပေါ်လျှက်ရှိသည်။
