၂၀ မေ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း ။ ယူကွန်
Myanmar Reday To Final Show Down
စစ်အစိုးရမှ မတရား အမှု ဆင်၍ တရားစွဲဆို ထားခြင်းခံရသည့် ဒေါ်အောင်ဆန်စုကြည်လွတ်မြောက် ရေးအတွက် လူငယ်များက ပြည်လမ်းစိန်ဂေဟာ အနီးရှိ

မီးရထားဘူတာရုံတွင်“ဒေါ်စုချက်ချင်းလွှတ်”ဟူသောစာကို စပရေး ဗူးများ ဖြင့် ယနေ့ မနက် ကိုးနာရီ အချိန်ခန့် ဖျန်းပက်သွားကြ သည် ဟု သတင်းရရှိသည်။ ထိုနေရာသည် စစ်အစိုးရက နိုင်ငံခြားသံတမန် များ အား ဒေါ်အောင်ဆန်းစကြည် နှင့် ပတ်သက် ၍ ရှင်းပြမည့် နိုင်ငံခြားရေး ၀န်ကြီးရုံးဟောင်း အဆောက်အဦ နှင့် မဝေး လှသည့်နေရာဖြစ်သည်။ ရန်ကုန်မြို့ ရန်ကင်း ၁၂ လုံးတန်းလမ်းဆုံ တွင်လည်း “ဒေါ်အောင်ဆန်းစုကြည် အားချက်ချင်းလွှတ်” ဟုရေးထားသည့် စာရွက်များ ကို ကားပေါ်မှ ကျဲချသွား သည် ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှု အတွက် ရန်ကုန် တွင် Generation Wave အဖွဲ့ မှလည်း ဦးဆောင်လှုပ်ရှားမှု များပြုလုပ်နေသလို တက်ကြွသော NLD လူငယ် အဖွဲ့ ဝင်များက လည်းဒေါ်အောင်ဆန်းစုကြည် အား ထောင်ဒဏ် အမိန့် ချမှတ်ပါ က ပြည်သူများနှင့်ပူးပေါင်း၍ ဆန္ဒ ထုတ်ဖေါ်မှု များ ဆက်တိုက်ပြုသွားမည် ဟု သိရသည်။ အင်းစိန် ထောင်ရှေ့သာမက ရန်ကုန်မြို့နေရာ အချို့ တွင် လည်း စစ်ကား နှင့် ရဲကားများ ချထား သည်။ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ပြည်သူတစ်ရပ်လုံးက စိတ်အားထက်သန် လျှက်ရှိပြီး ဒေါ်စုထောင်ချခံရပါ က ပြည်သူတစ်ရပ် လုံး၏ ဒေါသမှာ ပေါက်ကွဲ ထွက်လာ နိုင်ကြောင်း တောင်ဥက္ကလာ မှ NLD ပါတီ ၀င် တစ်ဦးက သုံးသပ်သည်။ ဇွန်လ ၁ ရက် နေ့ (တနင်္လာနေ့ ) တွင်အခြေခံ ကျောင်းများဖွင့်လှစ်ရန် ကြေညာပြီးဖြစ်သော် လည်း အထက ၂ ဒဂုံ မှ ဆရာမတစ်ဦးက မူ “ဒီပုံ အတိုင်းဆို ဘယ်လို ပြန်ဖွင့် မလဲ အခုထိ တော့ အဆည ကဘာ မှ မပြောသေး ဘူးဟု ”Freedom News Group သို့ ပြောသည်။
