၂၀ မေ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
State-Run TV Reported Aung San Suu Kyi Talking With Diplomats and Appearing Court

ယနေ့ ည မြန်မာ့ရုပ်မြင်သံကြား (MRTV)မှဒေါ်အောင် ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းရှိ တရားရုံးသို့ ထုတ်လာပုံ နှင့် သံအမတ် အချို့ နှင့်တွေ့ ဆုံစကားပြောနေပုံ တို့ ကိုထုတ်လွှင့်ပြသသွား
သည်။
မြန်မာ့ရုပ်မြင်သံကြားမှ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် သူမ၏ ပုံများအား ထုတ်လွှင့်ပြသသွားပုံ
ကိုပြည်သူများက


စိတ်ဝင်တစားကြည့်ရှုကြသည်။ယနေ့ ည သတင်းတွင် တရားရုံးသို့ ဒေါ်အောင်
ဆန်းစုကြည် အား ရုံးထုတ်လာပုံ ပြသ သွားသည် နှင့် ပတ်သက်၍ “ကျွန်တော် တို့ က
နွယ်သာကီထိပ်မှာ လက်ဖက်ရည် ဆိုင်ထိုင်နေတာ တီဗွီ မှာ ဒေါ်စု သတင်း လာနေ တယ်လဲ ဆိုရောလူတွေ နီးရာ တီဗွီ ရှိတဲ့ အိမ်ထဲ ပြေးဝင်သွားကြတာအားလုံးလမ်းပေါ်မှာကြက်
ပျောက်ငှက်ပျောက်ပဲ လူတွေက သူတို့ အမှုအကြောင်းပြောနေ တာတွေ နားထောင်ကြတာ မဟုတ်ဘူး ဒေါ်စုကို တွေ့ ချင်ကြ လို့ ”ဟုမြောက်ဥက္ကလာ နွယ်သာကီ ရှိ ကျောင်းဆရာတစ်ဦးက Freedom NewsGroup သို့ ပြောသည်။
ဧည့်ရိပ်သာတွင်ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ ဆုံခွင့်ရသည့် စင်္ကာပူ သံအမတ်ကြီး ရောဘတ်ချုးက“ ဒေါ်အောင်ဆန်းစုကြည်က သူမကို တရားစွဲ ဆိုထားခြင်းသည် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် အခွင့် အလမ်းကောင်း တစ်ခု ဟု မြင်ကြောင်း ”ဖြစ်သူ့ ကိုပြောခဲ့ကြောင်း Channel News Asia သို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ အမှုအား မနက်ဖြန်တွင် စတ္ထုထ မြောက်နေ့ အဖြစ်ဆက်လက် စစ်ဆေးမည်ဖြစ်သည်။
