ပြည်တွင်းမီဒီယာများ၏ သုံးရာခိုင်နှုန်းကိုပင် စစ်အစိုးရခွင့် ပြုခြင်းဖြစ် ဒေါ်စုသတင်းထောက်များနှင့် တွေ့ဆုံပြောကြားခွင့်ရရှိ ရန်လည်း လိုအပ်

၂၀ မေ ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး

Junta Must Be Allow  Aung San Suu Kyi  To Talk With All Diplomats and Reporters

ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေးလီတို ချဒ် ဟာဆင်တို ၏ မော်တော်ကား အင်းစိန်ထောင်ရှေ့ရောက်ရှိလာစဉ်
ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေးလီတို ချဒ် ဟာဆင်တို ၏ မော်တော်ကား အင်းစိန်ထောင်ရှေ့ရောက်ရှိလာစဉ်

ပြည်တွင်းအခြေစိုက်နိုင်ငံခြားသတင်းထောက်ငါးဦး နှင့် ပြည်တွင်းသတင်းမီဒီယာများမှ သတင်းထောက်ငါးဦးတို့ ကိုသာ ယနေ့  အင်းစိန် အကျဉ်းထောင် သို့ လိုက်ပါသတင်းယူခွင့်ပြုခြင်းသည် ပြည်တွင်းမီဒီယာများ၏ သုံးရာခိုင်နှုန်းကို သာခွင့်ပြုခြင်းဖြစ်ကြောင်း အပတ်စဉ် ထုတ်ဝေ သော သတင်းဂျာနယ် တစ်ခုမှ အမည်မဖော်လိုသော အယ်ဒီတာ တစ်ဦးက Freedom News Group သို့ ပြောသည်။

ပွင့်လင်းမြင်သာ သော သမာသမတ်ကျသည့် တရားစီရင်ရေးဖြစ်ဖို့ ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးချယ်ထားသော သံတမန်များသာ မက သတင်းထောက်များနှင့် ပါတွေ့ ဆုံ စကားပြောခွင့်ရဖို့ အရေးကြီးသည် ဟု ပြောသည်။တရားခွင် သည် အများပြည်သူလာရောက် နားထောင်ခွင့်လည်းရှိ ရမည် ဖြစ်ပြီး သတင်းထောက်များ သည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံစကားပြောခွင့်ရမှ သူမ ၏ သဘောထားနှင့် အခြေကို ပြည်သူများ က သိရှိခွင့် ရမည် ဟု အဆိုပါ အယ်ဒီတာ ကဆက်လက်ပြောသည်။

“သတင်းထောက် တွေ ကော သံတမန် တွေ ကော တရားရုံး သွားတယ်ဗျာ ဒေါ်စု ကျမ္မာရေး ကောင်းတယ် ၊စိတ်ဓာတ် ခိုင်မာ နေ တယ် ဒီနေ့ အနီလေး ၀တ်လာ တယ် ဒီနေ့ အပြာလေး ၀တ်လာ တယ် ဆို တာလောက် နဲ့ မလုံလောက် ဘူး”ဒေါ်စု ဘာပြောမှာ လဲ ပြည်သူ တွေ ကို ဘာမက်ဆေခ်ျ ပေးချင်တာလဲ ဆိုတာ သိခွင့်ရနိုင်ဖို့ အစိုးရကလဲ ပေးသင့်တယ် သံတမန် တွေ သတင်းထောက်တွေ ကနေလဲကြိုးစားသင့် တယ် ။

ဒီအချိန်မှာ ဒေါ်စု ပြောတဲ့ စကားတစ်ခွန်း က တိုင်းပြည်ရဲ့ ကံကြမ္မာပဲ ဆိုတာ အားလုံးသဘောပေါက်ထားသင့်တယ် နို့ မို့ ကားကြီး တွေ နဲ့ အင်းစိန်ထောင် ကိုပျော်ပွဲစား ထွက်သလို ဖြစ်နေမယ် ”ဟုထပ်လောင်းပြောကြာသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် အားအမှုစစ်ဆေး သည့် နေ့ တွင် စစ်အစိုးရက ရုရှား ၊ထိုင်း နှင့်စင်္ကာပူ သံအမတ် တို့ အား ဒေါ်စု နှင့် သီးခြားတွေ့ ဆုံခွင့်ပေးခဲ့သည်။ ထိုင်းနိုင်ငံ က အာဆီယံ အဖွဲ့ ၏ လက်ရှီ ဥက္ကဌ ၊ စင်္ကာပူက နိုင်ငံခြားသံတမန် များ အဖွဲ့ နာယက၊ရုရှားက ကုလ လုံခြုံရေးကောင်စီတွင် အဖွဲ့ ဝင်ဖြစ်နေ သောကြောင့် ထိုသို့ တွေ့ ဆုံခွင့် ပေးခြင်းဖြစ်သည် ဟု ပြည်တွင်း အကဲခတ်တစ်ဦး ကပြောသည်။

မြန်မာနိုင်ငံတွင် ထုတ်ဝေဖြန်ချိနေသော ဂျာနည် ၊မဂ္ဂဇင်းများမှာ အစောင်နှစ်ရာကျော်ရှိသည်။လူ
ကြိုက်များသော သတင်းမဂ္ဂဇင်းများလည်း ရှိသော် လည်း စစ်အစိုးရက ဂျာနယ်များကို ဦးစား
ပေး၍ ရွေးချယ် ခေါ်ယူခြင်းဖြစ်သည်။

ယနေ့အင်းစိန်ထောင်ရှေ့တွင်လက်နက်ကိုင်ရဲဝန်ထမ်းများလျှော့ချထားပြီးအရပ်ဝတ်စွမ်းအားရှင်
များကို ပိုမိုချထားသည်။