နိုင်ငံခြားသတင်း ထောက်များ နှင့်ပြည်တွင်းသတင်း ထောက်တချို့ ထောင်တွင်းတရားရုံးသို့ ရောက်ရှိ

၂၀ မေ ရန်ကုန်၊                   ၊ဟိန်းခိုင်ထွန်း

Junta  to allow some reporters into Aung San Suu Kyi’s trial

အင်းစိန်အကျဉ်းထောင်တွင်းရှိ အနောက်ပိုင်းခရိုင်အထူးတရားရုံး
အင်းစိန်အကျဉ်းထောင်တွင်းရှိ အနောက်ပိုင်းခရိုင်အထူးတရားရုံး

ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်ငါးဦး နှင့် ပြည်တွင်းဂျာနယ်များမှ သတင်းထောက် ငါးဦးတို့ ကို ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆိုထားသောအမှု အတွက်အင်းစိန်ထောင်တွင်း လိုက်ပါ သတင်းယူရန် ခွင့်ပြုလိုက်သည်။

ပြည်တွင်းသတင်းဂျာနယ်များအနက် မြန်မာတိုင်း(မ်)ဂျာနယ် ၊၀ီကလီ အလဲဗင်းဂျာနယ်
၊ပေါ်ပြူလာဂျာနယ်၊လျှပ်တပျက် ဂျာနယ်၊ရန်ကုန် တိုင်း(မ်)ဂျာနယ်တို့ ကို လိုက်ပါသတင်းယူ
ခွင့်ရသည် ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အား အင်းစိန်ထောင်တွင်းအမှု စစ်ဆေးနေသည့် သုံးရက်မြောက်နေ့ တွင်မှ
လိုက်ပါသတင်းယူခွင့်ရရှိခြင်းဖြစ်သည်။နိုင်ငံခြားသတင်းထောက် များမှာ ဂျီဂျီ၊ဆန်းကေးရှင်ဘွန်း၊
ရိုက်တာနှင့် အေအက်(ဖ)ပီ သတင်းဌာန မှ သတင်းထောက်များ လိုက်ပါရယူခွင့်ရသည် ဟုဆိုသည်။

ထိုသတင်းထောက်များမှာ ယခုသတင်းရယူရန် အတွက် အင်းစိန်ထောင်ထဲ သို့ ရောက်ရှိနေပြီ
ဖြစ်သည်။ပြည်တွင်းသတင်းထောက်များ ၏ ဒေါ်စု သတင်းများမှာမူ စာပေစီစစ်ရေး ၏ခွင့်ပြုချက်ရ
ပြီးမှ ပုံနှိပ်ဖေါ်ပြခွင့်ရှိမည် ဖြစ်သည်။