၂၁ မေ ရန်ကုန်၊ ၊ယူကွန်
Backers of Aung San Suu Kyi Gathers Outside Prison
Junta Returns Close Trial

မေလ ၂၁ ရက်နေ့ စတုတ္ထနေ့ တရားခွင်ကို စစ်အစိုးရက မည်သူမျှမဖိတ်ကြားတော့ပဲ တံခါးပိတ်ပြန်
လုပ်လိုက်သည် ဆိုခြင်းကြောင့် နိုင်ငံခြားသံတမန်များရော သတင်းထောက်များပါ ဒေါ်အောင်ဆန်း
စုကြည် နှင့် တွေ့ နိုင်ခွင့် အဆုံးသတ်သွားပြီဖြစ်သည်။
စတုတ္ထနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အားဖမ်းဆီထားသည့် အင်းစိန်ထောင်ရှေ့သို့ သူမအားထောက်ခံ
သူများ ယခင်နေ့ များကထက် ပိုမိုစုရုံးနိုင်ကြပြီး အခြေအနေမှာ မူငြိမ်သက်အေးချမ်းစွာ ရှိသည် ဟုသိရ
သည်။ ထောင်ရှေ့တွင်မူယူနီဖောင်းဝတ် ရဲများထက်အရပ်ဝတ် စစ်အစိုးရ လက်ပါးစေ စွမ်းအားရှင်များသာ ပိုမို တွေ့ရသည် ဟုသိရသည်။ အင်းစိန်ထောင် ရှေ့တစ်ဝိုက် တွင်ဓာတ်ပုံရိုက်ကူးသူ များကို ဖမ်းဆီးရန် အမိန့် ထုတ်ထားသဖြင့် ဓာတ်ပုံရိုက်ကူးမှုများကိုလျို့ ဝှက်စွာပြုနေရသည်။
ရန်ကုန်မြို့ တွင်းရှိရုံး နှင့် အလုပ် ဌာနများမှာ နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုကြောင့် သုံးနာရီထိုး
လျှင် ၀န်ထမ်းတစ်ယောက်မှ မရှိတော့ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီမှဝန်
ထမ်းတစ်ဦးကပြောသည်။
ရန်ကုန်မြို့ တွင်းမှာလည်း သိသိသာသာ တိတ်ဆိတ်ခြောက်ကပ်သွားသည် ဟုသိရသည်။
