၂၁ မေ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Ban Ki Moon demands release of Aung San Suu Kyi

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအ
ကျဉ်းသားများ အားလုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။မြန်မာပြည် တွင် စစ်အုပ်စုက နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အား ထောင်းတွင်း ၌ဖမ်းဆီးထားပြီး ပြည်သူလူထု အားသိခွင့်မပေးပဲ အမှုစစ်ဆေးနေ
သည့် ကိစ္စကို လက်မခံ နိုင်သည့် အတွက်လည်း စစ်ခေါင်းဆောင်များကို ဖိအားပေးနိုင်ရန် မြန်မာပြည်သွားမည် ဟု ကြာသပတေးနေ က စီအန်အန် သတင်းဌာန နှင့် အင်တာဗျူးတွင်ပြောသည်။
“မြန်မာပြည်မှာ ဘာတွေ ဖြစ်ပျက်နေတာလဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် အရမ်းစိုးရိမ်စိတ်ဖြစ်မိတယ်။ဒီမိုကရေစီ တိုးတက်ပြောင်းလဲ ရေးဖြစ်စဉ် အတွက် နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”မစ္စတာ ဘန်ကီမွန်းကစီအန် အန်ကိုပြောသည်။
သူမဟာ ဒီမိုကရေစီရေး အတွက်လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တယ် ။ကျွန်တော်တို့ သူ့ကို အပြည်အ၀ယုံကြည်မှု နဲ့ ထောက်ခံအားပေးမှု ရှိနေတယ်။တွေ့ဆုံဆွေးနွေးရေးအတွက် လည်း မရှိမဖြစ်သူ တစ်ဦးပဲ ဟု သူကထပ်လောင်းပြောကြာခဲ့သည်။
ဘန်ကီမွန်းက ဒေါ်အောင်ဆန်စုကြည် ကိုလွှတ်ပေးရန် အတွက် စကားလုံးသက်သက်ဖြင့် တောင်းဆိုမည့် အစား တရားလက်လွတ် နိုင်လှသော မြန်မာ စစ်အစိုးရကို ပိုမိုထိရောက်စွာ ဒဏ်ခတ်နိုင်ရေးအတွက် နည်းလမ်းရှာသင့်ကြောင်း စင်္ကာပူရှိ တီမာဆက် တက္ကသိုလ် တွင် ပညာသင် ယူနေ သောမြန်မာ ကျောင်းသား ကိုဝေဖြိုးနိုင် က Freedom News Group သို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အားလွှတ်ပေးရန် ဗြိတိသျှ အစိုးရ နှင့် နယူးဇီလန် အစိုးရ ကလည်းတောင်းဆိုထားသည်။ဒေါ်အောင်ဆန်းစုကြည် အရေးသည် လတ်တလောတွင် မြန်မာ့အရေးကိစ္စ တစ်ခု သက်သက် သဘောသာမက ကမ္ဘာ့အရေးကိစ္စ တစ်ခု အသွင်ဆောင်လျှက်ရှိသည်။
မြန်မာ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အား နိုင်ငံခြားသံတမန်များ ၊သတင်းထောက်များ
နှင့် အကျဥင်္းချုံး၍ မိနစ် အနည်း ငယ်သာ ယမန်နေ့ က တွေ့ ခွင့်ပေးခဲ့သည်။
