၂၂ မေ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
Monks Gathers Outside of Insein Jail(Day 5)

ဒေါ်အောင်ဆန်းစုကြည်အား ပဉ္စမမြောက် နေ့ အဖြစ်အမှု စစ်ဆေးရာ အင်းစိန်ထောင်ရှေ့ဝန်းကျင်
တွင် ပြည်သူလူထု သာမက ရဟန်းသံဃာတော် များလည်းစုရုံးရောက်ရှိ နေသည် ဟုသိရသည်။
အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖော်သူများကို ရဲက ဓာတ်ပုံမှတ်တမ်း ယူနေပြီး အလွတ်သတင်းထောက်များမှ ဓာတ်ပုံမှတ်တမ်းတင်မှုများကို လည်းခိုးဝှက် လုပ်ဆောင်နေရသည်။
ယနေ့ မနက်ပိုင်းတွင် မိုးအနည်းငယ် အုံ့ နေသောကြောင့် ရန်ကုန်မြို့ ခံတို့ အင်းစိန်ထောင်ရှေ့သို သွားရန် ပိုမို စိတ်အားထက်သန်ခဲ့ကြသည်။ လုံခြုံရေးအင်အား ကို အရပ်ဝတ် စွမ်းအားရှင်များနှင့်
အပြောင်းအလဲ လုပ်ထားပြီး ယနေ့ တွင် လည်း သတင်းထောက်နှင့် သံတမန်များကိုဖိတ်ကြားခြင်းမ
ပြုဟုသိရသည်။
ယနေ့ ထုတ် ပြည်တွင်းသတင်းဂျာနယ် များဖြစ်သည့် ဘိုင်ဝီကလီ အီလဲဗင်း နှင့် လျှပ်တပျက် ဂျာနယ်တို့ တွင် မေလ ၂၀ ရက် နေ့ က လိုက်ပါသတင်းယူခွင့် ရသော ဒေါ်အောင်ဆန်းစုကြည် အား
တရားစွဲဆို ထားသည့် သတင်းကိုပြန်လည် ဖေါ်ပြကြသည်။
၎င်းသတင်းဂျာနယ်များကို ဓာတ်ပုံရိုက်ကူးခွင့် မပေးရာ ဓာတ်ပုံများဖေါ်ပြခွင့်မရ ဟုသိရသည်။
တနင်္လာ နေ့ တွင် ဗီယက်နမ် နိုင်ငံဉ် ကျင်းပမည့် ဥရောပ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများထိပ်သီး
အစည်းအဝေးတွင် မြန်မာ နိုင်ငံအကြောင်းထည့် သွင်းဆွေးနွေးမည် ဖြစ်သည်။
