ကုလလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် တောင်းဆို

၂၃ မေ ဘန်ကောက်၊                      ၊မိုးမခ၊ အေပီ

UNSC demands Relese All Political Proner and Aung San Suu Kyi

အဖွဲ့ ဝင်ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည် နှင့်နိုင်ငံရေးအကျဉ်းသားအား
လုံးပြန်လွှတ်ပးရန် တောင်းဆိုလိုက်ပြီး၊တွေ့ ဆုံဆွေးနွေးရေး ဖြစ်မြောက်ရေးအတွက် စစ်အစိုးရတွင် တာဝန်ရှိသည် ဟု ကြေညာချက် တွင် ဖေါ်ပြထားသည်။

ယနေ့ ရန်ကုန်အချိန် ညနေ ၄နာရီ ခွဲ ခန့်တွင် အင်းစိန်ထောင်တရားရုံးက ဒေါ်စုနှင့် မိတ်ဆွေများကို တရားဥပဒေအရ တရားစွဲဆို စစ်ဆေးရန် စစ်အစိုးရ၏ လျောက်လဲချက်ကို လက်ခံကြောင်း တရားဝင်ကြေငြာလိုက်ပြီးများမကြာမီ ကမ္ဘာအနောက်ခြမ်း ပစိဖိတ်အချိန် နေ့ခင်း ၁၂ နာရီ ခန့်တွင် နိုင်ငံ ၁၅ နိုင်ငံပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီကြီးက ဒေါ်စုနှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် တောင်းဆိုချက် ထုတ်ပြန်လိုက်သည်။

ထိုသတင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ လူနည်းစု အင်အားများအားလုံး ပါဝင်နိုင်သော အမျိုးသားသင့်မြတ်ရေးကို ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အခြေအနေများကို ဖန်တီးနိုင်မည့် စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးကို အကောင်အထည်ဖော်ကြရန် တိုက်တွန်းသည့် အချက် ပါဝင်သည်။

အမေရိကန်အစိုးရက ပြင်းထန်သည့် ကြေငြာချက်ထုတ်ပြန်ရန် တောင်းဆိုခဲ့ကြောင်း၊ ထိုသို့ တောင်းဆိုခဲ့ခြင်းကို ကောင်စီ၏ တရားဝင်မှတ်တမ်းတင်ထားကြောင်း၊ သို့သော် စစ်အစိုးရ၏ မဟာမိတ် တရုတ်နှင့် ရုရှားတို့ကို ယခုထုတ်ပြန်ချက်တွင် ပါဝင်လာစိမ့်ငှာ စကားလုံးအသုံးအနှုံးတို့ကို လျှော့ချခဲ့ရကြောင်း သံတမန်တချို့က ပြောကြားခဲ့သည်။

ယခင်ကာလများကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်အစိုးရကို ထုတ်ပြန်ချက်များဖြင့် ဝေဖန်ခဲ့ဖူးသည်။ အထူးသဖြင့် ၂၀၀၇ သံဃာအရေးအခင်းတွင် စစ်အစိုးရ အကြမ်းဖက်နှိမ်နှင်းမှုများကို ပြင်းထန်စွာ သဘောမတူကြောင်း ထုတ်ပြန်ဖူးသည်။ ၂၀၀၈ နာဂစ်မုန်တိုင်း အရေးအခင်းတွင် လုံခြုံရေးကောင်စီ၏ စွက်ဖက်မှုကို တရုတ်နှင့် ရုရှားတို့က ကန့်ကွက် ပိတ်ပင်ခဲ့သဖြင့် နာဂစ်သင့်ဒုက္ခသည်များအရေးကို တရုတ်၊ အာဆီယံတို့၏ ထောက်ခံချက်၊ အကြံပေးချက်များနှင့် နိုင်ငံတကာက ကူညီမှုအဖွဲ့အစည်းများက ဆောင်ရွက်ခဲ့ရသည်။

စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားချင်း စာနာထောက်ထားမှုမရှိသော မတရား ရာဇ၀တ်မှုများကို ဖော်ထုတ်အရေးယူရန်၊ ဒုက္ခဘေးသင့်နေသော မြန်မာတိုင်းရင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတကာက အစိုးရအာဏာပိုင်အဆင့်ဖြင့် ဆောင်ရွက်ကြရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မည်သို့ ဆွေးနွေးကြသည်ကို မသိရသေးကြောင်း မြန်မာသတင်းစာဆရာတဦးက မှတ်ချက်ပေးသည်။