အီရန်ထောင်မှလွတ်မြောက်လာသည့် ဂျာနယ်လစ် ကန်း(စ)ရုပ်ရှင်ပွဲတော်ဆုရ

၂၄ မေ ကန်း(စ)၊                   ၊လမွန့်

Iranian film co-written by journalist Saberi wins a Cannes festival prize

အန်ဂျလီနာဂျိုလီ၊ဘရက်ပစ်၊ဒါရိုက်တာပက်ဒရို အယ်မိုဒိုဘာ၊ပယ်နီလိုပီ ခရုဇ် တို့အား ကန်း(စ)ရုပ်ရှင်ပွဲတော်တွင်တွေ့ ရစဉ်
အန်ဂျလီနာဂျိုလီ၊ဘရက်ပစ်၊ဒါရိုက်တာပက်ဒရို အယ်မိုဒိုဘာ၊ပယ်နီလိုပီ ခရုဇ် တို့အား ကန်း(စ)ရုပ်ရှင်ပွဲတော်တွင်တွေ့ ရစဉ်

ပြင်သစ်နိုင်ငံတောင်ပိုင်းတွင်ကျင်းပနေသော ၆၂ ကြိမ်မြောက်ကန်း(စ)ရုပ်ရှင်ပွဲတော်တွင် အီရန်အကျဉ်းထောင်မှ မကြာသေးမှီက ပြန်လည်လွတ်မြောက်လာသည့် သတင်းထောက်
ရိုဆာနာဆာဘရီက သူမ၏ခင်ပွန်းလောင်းဖြစ်သူ အီရန် ဒါရိုက်တာ  ဘာမန်းဂိုဘာဒီ  ရိုက်ကူးသည့် “No one knows about Persian cats ”ဇာတ်ကားအတွက် ဇာတ်လမ်းပူးတွဲ ရေးသားမှု ထူးချွန်ဆုရရှိခဲ့သည်။

ယခင်လက အီရန်နွယ်ဖွားအမေရိကန် သတင်းထောက် ရိုဆာနာ အား တီဟီရန် ကသူလှိုလုပ်သည် ဟုစွပ်စွဲကာ ထောင်ဒဏ်ရှစ်နှစ် အပြစ်ပေးရပြီး နောက် အီရန် အစိုးရ ကဆိုင်းငံ ထောင်ဒဏ် နှစ်နှစ်သို့ လျှော့ချပြီး ယခင်သီတင်းပတ်က လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ရိုဆာနာ ၏ ခင်ပွန်းလောင်းမှာ နာမည်ကျော် အီရန် ဒါရိုက်တာ ဘာမန်းဂိုဘာဒီ ဖြစ်ပြီး ၂၀၀၄ ခုနှစ်ကသူရိုက်ကူးခဲ့သည့် “Turtles Can Fly”ဇာတ်ကားမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ထူးချွန်ဆုရရှိခဲ့သည်။ထိုဇာတ်ကားမှာ ဆက်ဒမ် ဟူစိန်လက်အောက်ရှိ ကာဒ် လူမျိုးများ ၏ အခက်အခဲများကိုရိုက်ကူးတင်ဆက်ပြထား ခြင်းဖြစ်သည်။

ယခုနှစ် ကန်း(စ)ရုပ်ရှင်ပွဲတော် တွင်ဆုရရှိခဲ့သည့် “No One Knows About Persian Cats ”
ဇာတ်ကားမှာမူ အီရန် နိုင်ငံ၏  တင်းကျပ်လှသော လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ဆိုင်ရာပိတ် ပင်ထားမှုများကြောင့် ဂီတပညာရှင် နှစ်ဦးမှာ လှို့ဝှက်၍ မြေအောက်လှုပ်ရှားမှု ဂီတများကို ဖန်တီးရာမှထောင်ဒဏ်အပြစ်ပေးခံရခြင်းဖြစ်သည်။

ဇာတ်လမ်းကို ရိုဆာနာ က ခင်ပွန်းလောင်းဖြစ်သူ နှင့် အတူ ပူးတွဲရေးသားခဲ့သည်။၆၂ ကြိမ်မြောက်ကန်း(စ)ရုပ်ရှင်ပွဲတော်ကို မေ လ ၁၃ရက်နေ့ မှ မေလ ၂၄ ရက်နေ့ ထိပြင်သစ်နိုင်ငံ ကန်း(စ)မြို့ တွင်နှစ်စဉ် နှစ်တိုင်းကျင်းပသည်။

CANNES, France – Awards presented Sunday at the 62nd Cannes Film Festival, chosen by a jury headed by French Actress Isabelle Huppert:

_Palme d’Or (Golden Palm): “The White Ribbon,” by Michael Haneke (Austria)

_Grand Prize: “A Prophet,” by Jacques Audiard (France)

_Jury Prize: “Fish Tank,” by Andrea Arnold (Britain) and “Thirst,” By Park Chan-wook (South Korea)

_Special Prize: Alain Resnais

_Best Director: Brillante Mendoza, “Kinatay” (The Philippines)

_Best Actor: Christoph Waltz, “Inglourious Basterds” (United States)

_Best Actress: Charlotte Gainsbourg, “Antichrist” (Denmark)

_Best Screenplay: Feng Mei, “Spring Fever” (China)

_Camera d’Or (first-time director): “Samson and Delilah,” by Warwick Thornton (Australia)

_Best short film: “Arena,” by Joao Salaviza (Portugal)