ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နယ်စပ်မြ၀တီမြို့အနီး တွင်ချီတက်ဆန္ဒပြတောင်းဆို

၂၄ မေ မြ၀တီ၊                    ၊စောမူဂေး

Burmese Activists Protests Friendship Bridge Thai-Burma Border Town

ချီတက်ဆန္ဒပြသူများအားထိုင်းနယ်ခြားစောင့် တပ်ရင်း၈ မှ လုံခြုံရေးယူပေးထားစဉ်
ချီတက်ဆန္ဒပြသူများအားထိုင်း နယ်ခြားစောင့် တပ်ရင်း၈ မှ လုံခြုံရေးယူပေးထားစဉ်

မြန်မာနိုင်ငံ နယ်စပ်မြို့ တစ်ခုဖြစ်သော မြ၀တီမြို့၏ တစ်ဘက်ကမ်းထိုင်းနိုင်ငံမဲဆောက်ဘက်
ရှိချစ်ကြည်ရေးတံတားအနီးတွင် ယနေ့ နေ့ လည်  ၁၂ နာရီအချိန်ခန့် က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက် ဆန္ဒပြတောင်းဆိုမှု တစ်ခုကျင်းပခဲ့သည် ဟုသိရှိရသည်။

ထိုဆန္ဒပြပွဲသို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊သံဃာတော်များ၊
မြန်မာ့အရေးလှုပ်ရှားသူများနှင့်နိုင်ငံခြားသားများပါဝင်ဆန္ဒပြကြသည်။လူ၃၀၀ကျော်ပါဝင်ဆန္ဒပြကြ
ပြီးဒေါ်အောင်ဆန်းစုကြည် အား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုဟစ်ကြွေးခဲ့ကြသည်။

ထိုဆန္ဒပြပွဲ သိုမြန်မာဘက်ကမ်းမြ၀တီမှာ ဒေသခံ တစ်ချို့လည်းလာရောက် ပူးပေါင်းခဲ့ကြပြီး ထိုဆန္ဒပြပွဲဂယက်ကြောင့် မြန်မာဘက်ခြမ်းမြ၀တီမြို့ တွင်လုံခြုံရေးများတင်းကျပ် ထားပြီး ချစ်ကြည်ရေးတံတားမှဖြတ်ကူးသူခရီးသွားများကိုလည်း မြန်မာဘက်ကမ်းမှ အာဏာ ပိုင်များက စစ်ဆေးမေးမြန်းမှုများပြုလုပ်သည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆန္ဒပြပွဲအား ထိုင်းအာဏာ ပိုင်များက တစ်စုံတစ်ရာအ
နှောင့်အယှက်မပေးသော် လည်း မြန်မာစစ်ထောက်လှမ်းရေးက မူ လာရောက်၍ ဓာတ်ပုံရိုက်ယူခြင်းတစ်ဘက်ကမ်းမှ ဗီဒီယိုမှတ်တမ်းတင်ခြင်းနှင့် လေးခွဖြင့် ချောင်းပစ်ရန်ကြံစည်ခြင်းများကျူးလွန်ခဲ့သည်။

ထိုင်းအာဏာပိုင်များက နယ်စပ်မြို့ဖြစ်သော မဲဆောက်တွင် ဆန္ဒပြပွဲများ ကို တစ်ခါမှခွင့်မပြုသော်လည်းယခု  ပထမဦးဆုံးအကြိမ် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ဆန္ဒပြပွဲ သို့ ထိုင်းလူမျိုးများ လည်းပူးပေါင်းခဲ့သည်။

ဆန္ဒပြပွဲ ကို Joint Action Committee ကဦးစီးကျင်းပခြင်းဖြစ်ပြီး ထိုအဖွဲ့ မှ ပြောခွင့်ရပုဂ္ဂိုလ်
ကိုပါကြီး က“ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မခြင်း ထပ်မံ ပြုလုပ်သွားမည်” ဟုပြောသည်။ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရမှ ကိုလိုနီ ခောတ်က ဘိန်းထုပ်ပစ်ဖမ်း သလိုအမှုဆင်တရားစွဲ၍ ဖမ်းဆီးထောင်ချထား ကတည်းက နိုင်ငံတကာ တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆို ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည်။

ထိုဆန္ဒပြမှုများ အနက် မှ ယခုဆန္ဒပြမှုသည် မြန်မာ့မြေ နှင့် ထိစပ်နေသည့် နေရာတွင် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။