၂၄ မေ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
Peoples Call For Aung San Suu Kyi Release
“လိုအပ်တဲ့ ရိက္ခာတွေ အကုန်ဝယ်ပြီးသွားပြီ ဘာမှပူစရာမလိုတော့ဘူး အိမ်နားက ဦးလေးတစ်ယောက်က ပြောလို့ ဒေါ်စုကိုလွှတ်ပေးဖို့ ဆန္ဒပြတာတွေ ဖြစ်လာတော့မှာ ဆိုလို”ဟုပြော
သည်မှာ တောင်ဥက္ကလာမြို့ နယ်ရှိ အိမ်ရှင်မတစ်ဦးဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရမှ အမှုဆင်ကာထောင်ထဲတွင်ဖမ်းဆီးပြီးနေက် တရားရုံးက
စစ်ဆေးနေစဉ် အတောအတွင်း ပြည်သူလူထုကြား၌ အနှစ်နှစ်ဆယ် အတွင်းပထမဆုံးအကြိမ် စစ်အစိုးရ ဆန့် ကျင်ရေးစိတ်ဓာတ်များကြီးထွားလာ သည် ဟုသိရသည်။
ရန်ကုန်နှင့် နယ်မြို့ များတွင် လုံခြုံရေးများထူထပ်စွာချထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေးအတွက် နည်းမျိုးစုံဖြင့် လှုပ်ရှားမှုများပြုလျှက်ရှိသည်။တစ်စတစ်စ ကြီးထွားလျှက်
ရှိသောဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုက
ရေစီ အဖွဲ့ ချုပ် လူငယ် အဖွဲ့ ဝင်တစ်ဦးက “ခုအခြေအနေ ကိုစောင့်ကြည့်နေတယ် ဒေါ်စုကိုထောင်ချ
ရင်တော့ ဆန္ဒပြတာတွေ ဖြစ်လာမှာ သေချာတယ် ဒီအတွက်လှုပ်ရှားနေကြတယ်။ပြည်သူတွေ ကတော့ စိုးရိမ်စိတ်ရှိပေမယ့် ဒီလောက်မတရား လွန်းအားကြီးလို့ ခေါင်းငုံ့ မခံချင်ကြတော့ဘူးလို့ 
ဆိုတယ်”လက်ရှိ မြန်မာ့ နိုင်ငံရေးအခြေအနေကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုသော ထိုင်းကို စစ်အစိုးရက ပြည်တွင်းရေးကို ၀င်မရှုပ်ပါ နှင့် ဘန်ကောက်မြန်မာ သံရုံးမှ တစ်ဆင့် ကန့် ကွက်ထားသည်။ထိုင်းနှင့်
မြန်မာ ဆက်ဆံရေးတင်းမာလျှင် မြန်မာက နယ်စပ် ကုန်သွယ်ရေး ဂိတ်များကို ပတ်၍ လက်တုံ့ ပြန်
သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ပြည်သူတစ်ရပ်လုံးက လိုလားလျှက်ရှိပြီး ထင်ရှား
သောစစ်ခေါင်းဆောင် အချို့ မှာလည်းဒေါ်အောင်ဆန်းစုကြည်အားဖမ်းဆီးထောင်ချမည်ကို လက်မ
ခံဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏နေ အိမ်အကျယ်ချုပ်သက်တမ်းသည် မေလ၂၇ ရက်နေ့ တွင်ပြည့်မည်
ဖြစ်ပြီး ထိုရက်မတိုင်ခင်စီရင်ချက်ချလိမ့်မည် ဟုလည်း ရန်ကုန်တွင်သတင်းများထွက်ပေါ်နေသည်။
