၂၅ မေ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Myanmar opens trial again,Aung San Suu Kyi may take stand

(Updated:နောက်ဆုံးကြားသိရသော သတင်းအရ သံတမန်၁၅ ဦးနှင့် သတင်းထောက် ၁၀ဦးကိုသာခွင့်ပြုမည်ဖြစ်သည်)
ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းရှိ တရားရုံး၌ တရားစွဲဆိုထားမှုကို စစ်အစိုးရကဒုတိယအကြိမ်အဖြစ်သံတမန်များနှင့်သတင်းထောက်များအားပြန်လည်ခွင့်ပြုလိုက်
သည်ဟု အမည်မဖော်လိုသော ပြည်တွင်းစာနယ်ဇင်းသမားတစ်ဦးက Freedom News Group သို့ ပြောသည်။
“ဒုတိယမြောက်အပတ်ရဲ့ ဒုတိယနေ့ နက်ဖြန်အင်္ဂါနေ့ အတွက်ပေါ့နော်သံတမန်တွေကိုတော့
အကြောင်းကြားထားပြီးပြီ ပြည်တွင်းက နိုင်ငံခြားသတင်းဌာနသတင်းထောက်တွေ နဲ့  စာနယ်ဇင်းကပုဂ္ဂိုလ်တွေ ကိုတော့ ဘယ်နှစ်ယောက်ဖိတ်မယ် အသေအချာ မသိသေးဘူး
၊သံတမန်တွေ ကတော့ မနက် ရ နာရီခွဲ အင်းစိန်ထောင်ရှေ့မှာ လာစုရမယ် လို့ ပြောတယ်”ဟု အဆိုပါစာနယ်ဇင်းသမား ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထောင်တွင်းတရားရုံး၌ အမှု စစ်ဆေးပုံ ကို ပြီးခဲ့ သည့် အပတ် မေလ၂၀ ရက်နေ့ ကတစ်ခါခွင့်ပြုခဲ့သည်။ထိုအကြိမ်က နိုင်ငံခြားသံတမန် သုံးဦးသာ ဒေါ်စုနှင့် တွေ့ ဆုံစကားပြောခွင့်ရသည်။ပြည်တွင်းအခြေစိုက် နိုင်င့ခြားသတင်းဌာနမှ ငါးဦးမဲ နှိုက်တက်ရောက်ရပြီး ပြည်တွင်းဂျာ နယ်များက မူ စစ်အစိုးရနှင့် နီးစပ်သည့် ဂျာနယ်များသာ တက်ရောက်ခွင့်ရှိခဲ့ကြောင်းဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။
စစ်အစိုးရကထိုကဲ့သို့ သံတမန်နှင့် သတင်းထောက်များကို ခွင့်ပြုခြင်းသည် နိုင်ငံတကာဖိအား
များကို သက်သာစေလိုခြင်းကြောင့် ဖြစ်သည် ဟု နိုင်ငံရေးအကဲခတ် တစ်ဦးကပြောသည်။
လုံခြုံရေးအစောင့်အရှောက်များထူထပ်စွာချထားသော အင်းစိန်ထောင်တွင်းရှိ ယနေ့ ကျင်းပသောတရားခွင် တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကတရားလိုပြသက်သေ ငါးယောက်ကို ပြန်လှန်မေးခွန်းများ ထုတ်ခဲ့ကြသည် ဟု သိရသည်။
ရ ရက်မြောက်နေ့ မနက်ဖြန် ပြုလုပ်မည့်တရားခွင်တွင် မူဒေါ်အောင်ဆန်းစုကြည် က ကိုယ်တိုင်
ထွက်ဆိုချက်ပြုမည် ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ၌ သတင်းထောက်များကိုပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ နေ အိမ်အကျယ်ချုပ်သက်တမ်းသည် မေလ ၂၇ ရက်နေ့ ဗုဒ္ဓဟူးနေ့ တွင်ပြည့်မည်ဖြစ်သည်။
ယနေ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ တွင်ကျင်းပသော ဥရောပ-အာရှ(အာဆမ်)နိုင်ငံခြားရေးဝန်ကြီး
များ၏ ကိုးကြိမ်မြောက်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အားမတရားဖမ်းဆီးထားမှု ကိုအဆုံးသတ်ရန် မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို အာရှနှင့် ဥရောပ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများကတောင်းဆိုခဲ့သည်။
